ကမ္ဘာ့ဖလားနှင့်လွဲ၍ ယူကျုံးမရဖြစ်ရဟု ရီးစ်ဂျိမ်းစ် ဖွင့်ဟ

ကမ္ဘာ့ဖလားနှင့်လွဲ၍ ယူကျုံးမရဖြစ်ရဟု ရီးစ်ဂျိမ်းစ် ဖွင့်ဟ
Photo: Standard
Photo: Standard
Published 10 November 2022

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်နောက်ခံလူ ရီးစ်ဂျိမ်းစ်က ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသဖြင့် ယူကျုံးမရဖြစ်ရကြောင်း ဖွင့်ဟခဲ့သည်။

အသက် (၂၂) နှစ်အရွယ် ရီးစ်ဂျိမ်းစ်သည် အောက်တိုဘာ (၁၁)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် အေစီမီလန် (၀-၂) ချယ်လ်ဆီးပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမှ အချိန်မီပြန်သက်သာလာခြင်းမရှိသောကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

ရီးစ်ဂျိမ်းစ်က ''ယူကျုံးမရဖြစ်ရပါတယ်။ ဒူူးဒဏ်ရာ စရတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ခက်သွားပြီးဆိုတာ သဘောပေါက်ခဲ့ပေမဲ့ ဖြစ်နိုင်သေးတယ်လို့ ကျွန်တော် အမြဲတမ်းခံစားခဲ့ရတာပါ။ ကျွန်တော့်အနေနဲ့ ဒဏ်ရာပြန်လည်သက်သာဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီး အသင်းကို ကူညီပေးနိုင်မယ်လို့ ယုံကြည်ထားခဲ့တာပါ။ နှစ်ဖက်စလုံးအတွက် စွန့်စားမှုဆိုတာကို အသိအမှတ်ပြုပြီး အခုဆုံးဖြတ်ချက်ကို ကျွန်တော် လက်ခံပါတယ်။ အင်္ဂလန်အသင်းကို အားပေးသွားမှာပါ''ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

ရီးစ်ဂျိမ်းစ်သည် အင်္ဂလန်အသင်းအတွက် ပွဲထွက်ကစားသမားဖြစ်သော်လည်း ဒဏ်ရာကြောင့် နည်းပြ ဆောက်ဂိတ်က ၎င်းကို လူစာရင်းမှ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent