အေစီမီလန်အသင်းတွင် အင်္ကျီအရောင်းရဆုံး ကစားသမားအဖြစ် တိုနာလီ ရပ်တည်

အေစီမီလန်အသင်းတွင် အင်္ကျီအရောင်းရဆုံး ကစားသမားအဖြစ် တိုနာလီ ရပ်တည်
Photo: Getty Images
Photo: Getty Images
Published 10 November 2022

အေစီမီလန်အသင်းတွင် အင်္ကျီအရောင်းရဆုံးကစားသမားအဖြစ် တိုနာလီ ရပ်တည်နေကြောင်း သိရသည်။

၂၀၂၀-၂၁ ရာသီတွင် ဘရက်စီယာအသင်းမှ အေစီမီလန်အသင်းသို့ ရောက်ရှိလာသည့် တိုနာလီသည် အချိန်တိုအတွင်း အသင်းပရိသတ်များ၏ ချစ်ခင်မှုကို ပိုင်ဆိုင်ခဲ့ပြီး အနာဂတ် အေစီမီလန်အသင်းခေါင်းဆောင် အဖြစ်လည်း သုံးသပ်ခံနေရသည်။

အေစီမီလန်အသင်း၏ ကစားသမား အင်္ကျီရောင်းချရမှုများအပေါ် အခြေခံ၍ တွက်ချက်ထားသည့် စစ်တမ်းတစ်ခုတွင် တိုနာလီ၏ အင်္ကျီရောင်းချရမှုမှာ အေစီမီလန်အသင်းတစ်သင်းလုံး၏ (၂၈)ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။

တိုနာလီ၏နောက်တွင် ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က (၁၉)ရာခိုင်နှုန်း၊ တိုက်စစ်ကစားသမား လီယာအိုက (၁၅) ရာခိုင်နှုန်း၊ နောက်ခံလူ သီယိုဟာနန်ဒက်ဇ်က (၁၃) ရာခိုင်နှုန်း၊ ကီတယ်လာရီက (၇) ရာခိုင်နှုန်း၊ ဂျရူးက (၅) ရာခိုင်နှုန်းနှင့် အခြားကစားသမားများ စုစုပေါင်းက (၁၃)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Read

Most Recent