ရာထူးမှထုတ်ပယ်ခံရမည်ကို စိတ်မပူဟု ဂရေဟမ်ပေါ်တာ ဆို

ရာထူးမှထုတ်ပယ်ခံရမည်ကို စိတ်မပူဟု ဂရေဟမ်ပေါ်တာ ဆို
Photo: Getty Images
Photo: Getty Images
Published 10 November 2022

ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ရာထူးမှထုတ်ပယ်ခံရမည်ကို စိတ်မပူကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဂရေဟမ်ပေါ်တာ စတင်ကိုင်တွယ်ချိန်တွင် နိုင်ပွဲဆက်ခဲ့သော်လည်း ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။

ထို့ကြောင့် ဂရေဟမ်ပေါ်တာမှာ ဖိအားများနှင့်ရင်ဆိုင်နေရပြီး ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

သို့သော် ဂရေဟမ်ပေါ်တာက ''အခက်အခဲတွေကို ရင်မဆိုင်ချင်ဘူးဆိုရင် ဘရိုက်တန်မှာပဲ ကျွန်တော် ဆက်နေခဲ့မှာပါ။ ချယ်လ်ဆီးကို စိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့လာတာဖြစ်ပြီး အဲဒီအတွက် ဖိအားမရှိပါဘူး''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent