■ ဒါဝင်နူးနက်ဇ်ကို လူးဝစ်ဆွာရက်ဇ် ဂုဏ်ပြုစကားဆို     

■ ဒါဝင်နူးနက်ဇ်ကို လူးဝစ်ဆွာရက်ဇ် ဂုဏ်ပြုစကားဆို     
Photo: Getty Images
Photo: Getty Images
Published 21 October 2022

လီဗာပူးလ်အသင်း၏ တိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်က ဝက်စ်ဟမ်းနှင့်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

ဒါဝင်နူးနက်ဇ်က အန်ဖီးလ်ကွင်းတွင် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ကြောင်း Instagram တွင် ရေးသားခဲ့ကာ အောင်ပွဲခံခဲ့သည်။ 

ဒါဝင်နူးနက်ဇ်၏ အဆိုပါ Post ၌ ဆွာရက်ဇ်က "ဒါဟာ ဂိုးပေါင်းများစွာရဲ့ ပထမဆုံးဂိုးဖြစ်ပြီး အံ့အားသင့်စရာကောင်းတဲ့ ဒီကွင်းမှာ ဂိုးတွေ ဆက်လက်သွင်းယူပြီး ပျော်ရွှင်မှုတွေ ထပ်ပြီး ရယူနိုင်ပါစေ"ဟု Comment ရေးသားခဲ့ခြင်းဖြစ်သည်။ 

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်သည် ဒါဝင်နူးနက်ဇ်၏ ဥရုဂွေးလက်ရွေးစင်အသင်းဖော်ဖြစ်ပြီး ဒါဝင်နူးနက်ဇ်အနေဖြင့် လီဗာပူးလ်တွင် အောင်မြင်မှုများ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားထားသူဖြစ်သည်။ 

အသက် (၂၃) နှစ်အရွယ်ရှိ ဒါဝင်နူးနက်ဇ်သည် လီဗာပူးလ်အတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၂) ပွဲတွင် (၅) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent