ယူကရိန်းကို ရုရှား၏ကျူးကျော်မှုနှင့် အကျိုးဆက်ဖြစ်လာသော စီးပွားရေးအခြေအနေဆိုးရွားမှုတို့က အရှေ့ဥရောပနှင့် အလယ်အာရှတို့ရှိ ကလေးသူငယ် လေးသန်းကို ဆင်းရဲမွဲတေစေသည် ကုလသမဂ္ဂက လေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)က အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။
“ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်တဲ့ စီးပွားရေးအကျပ်အတည်းရဲ့အပြင်းထန်ဆုံး ဝန်ထုပ်ဝန်ပိုးကို ကလေးတွေ ခံနေရပါတယ်” ဟု ယူနီဆက်ဖ်က ဖော်ပြခဲ့သည်။
မြင့်တက်လာသော ငွေကြေးဖောင်းပွမှုနှင့် ပဋိပက္ခတို့က အရှေ့ဥရောပနှင့် အလယ်အာရှတို့တွင် နောက်ထပ်ကလေးသူငယ်လေးသန်းကို ဆင်းရဲမွဲတေစေခဲ့ပြီး ထိုအရေအတွက်မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ၁၉ ရာခိုင်နှုန်းမြင့်တက်လာသော အရေအတွက်ဖြစ်သည်ဟု ဆိုသည်။
ယူနီဆက်ဖ်သည် ၂၂ နိုင်ငံမှ အချက်အလက်များကို လေ့လာကာ အထက်ပါအတိုင်း ကောက်ချဆွဲခဲ့ခြင်းဖြစ်သည်။
ရုရှားက မိမိအိမ်နီးချင်း ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီလတွင် တိုက်ခိုက်ပြီးနောက် ရုရှားနှင့်ယူကရိန်းကလေးများ အများဆုံးထိခိုက်ခဲ့ရသည်ဟု ဆိုသည်။
“ယူကရိန်းစစ်ပွဲနဲ့ ဒေသတစ်လွှား လူနေမှုစရိတ်ပြဿနာတို့ကြောင့် ရုရှားကတော့ တိုးလာတဲ့ ဆင်းဆင်းရဲရဲနေထိုင်နေရတဲ့ ကလေးစုစုပေါင်းရဲ့လေးပုံသုံးပုံရှိနေပါတယ်။ နောက်ထပ်ကလေးသူငယ် ၂ ဒသမ ၈ သန်းကတော့ ဆင်းရဲမှုမျဉ်း အောက်ရောက်နေတဲ့ အိမ်ထောင်စုတွေမှာ လက်ရှိနေထိုင်နေကြ တာဖြစ်ပါတယ်” ဟု ယူနီဆက်ဖ်က ဖော်ပြထားသည်။
အနောက်ပိတ်ဆို့အရေးယူမှုများကြောင့် ဖြစ်ပေါ်လာသောရုရှားစီးပွားရေးအပေါ် ထိုးနှက်ချက်သည် နိုင်ငံ၏များပြားသော ပြည်သူများအနေဖြင့် သာမန်ထက်အရွယ်အစားပိုကြီးသောအကျိုးတရားကို ဖန်တီးရေးနှင့်ယှဉ်တွဲလျက်ရှိသည်။
“ယူကရိန်းကတော့ ဆင်းဆင်းရဲရဲနေထိုင်နေရတဲ့ နောက်ထပ်ကလေး သန်းတစ်ဝက်နေထိုင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆင်းဆင်းရဲရဲနေထိုင်နေရတဲ့ကလေး ဒုတိယဝေစုအများဆုံးရှိတဲ့ နိုင်ငံဖြစ်နေပါတယ်” ဟု ယူနီဆက်ဖ်က ဖြည့်စွက်ဖော်ပြထားသည်။
အဆိုပါနှစ်နိုင်ငံ၏နောက်တွင် ဆင်းရဲနေသည့် နောက်ထပ်ကလေးသူငယ် ၁၁၀၀၀၀ ဖြင့် ရိုမေးနီးယား ကပ်လိုက်နေသည်ဟု ဆိုသည်။
“ဒေသတစ်ခုလုံးက ကလေးတွေဟာ ဒီစစ်ပွဲရဲ့ဆိုးရွားတဲ့အနေခြအနေထဲ ဆွဲသွင်းခံနေရပါတယ်” ဟု ယူနီဆက်ဖ်၏ ဥရောပနှင့် အလယ်အာရှဆိုင်ရာဒါရိုက်တာအက်ဖ်ရန်ခန်းက ပြောကြားသင်္ည။
“ဒီကလေးတွေနဲ့မိသားစုတွေကို ကျွန်တော်တို့ အခုမထောက်ပံ့ဘူးဆိုရင် ကလေးသူငယ်ဆင်းရဲမွဲတေမှု ထိုးတက်လာတာဟာ အသက်တွေဆုံးရှုံးရတာ၊ ပညာသင်ကြားမှု ဆုံးရှုံးရတာ၊ အနာဂတ်တွေဆုံးရှုံးရတာတွေ ဖြစ်လာမှာ သေချာပါတယ်” ဟု ၎င်းက ပြောကြားသည်။
မိသားစု ပိုဆင်းရဲလေလေ ယင်းမိသားစုက စားစရာနှင့် လောင်စာတို့အတွက် သုံးရမည့် ဝင်ငွေအချိုးအစားသည် ကြီးမားလေလေဖြစ်ရာ ကလေးများ၏ ကျန်းမာရေး၊ ပညာရေးတို့အတွက် သုံံးစွဲမှု ပိုနည်းသွားသည်ဟု ယူနီဆက်ဖ်က ရှင်းလင်းဖော်ပြထားသည်။
၎င်းတို့သည် အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်ခံရမှုနှင့် မတရားဖိနှိပ်ခံရမှု အန္တရာယ်တို့ကို ပိုများလာစေမည်ဟု ဆိုသည်။
ထို့ကြောင့် ယခုတစ်နှစ်တည်းတွင် မမွေးမီနောက်ထပ်ကလေး ၄၅၀၀ သေဆုံးမည်ဖြစ်ပြီး နောက်ထပ်ကလေး ၁၁၇၀၀၀ သည် ကျောင်းထွက်ရနိုင်သည်ဟု ယူနီဆက်ဖ်က ဖော်ပြထားသည်။














