တူရကီနိုင်ငံတောင်ပိုင်းတွင် ကျောက်မီး သွေးတွင်းတစ်တွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် ကယ်ဆယ်ရေးသမားများသည် အောက်တိုဘာ ၁၅ ရက်တွင် ပျောက်ဆုံးနေသည့် နောက်ဆုံး သတ္တုတွင်းလုပ်သား၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် သေဆုံးသူစုစုပေါင်း ၄၁ ဦးအထိရှိ ခဲ့ပြီး ဒဏ်ရာရရှိသူ ၂၈ ဦး ရှိခဲ့သည်။
တူရကီ၏ ပင်လယ်နက်ကမ်းရိုးတန်းပေါ်ရှိ အမ်မာဆရာမြို့အနီးရှိ ကျောက်မီးသွေးတွင်းတွင် အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် မီသိန်းဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁၅ ရက်တွင် ယင်းသတ္တုတွင်းပေါက်ကွဲမှုတွင် နောက်ဆုံးကျန်ရှိ နေသည့် ပျောက်ဆုံးနေသူတစ်ဦးကို သေဆုံးလျက်တွေ့ရှိကြောင်း ကြေညာရန် သမ္မတ ရီဆက်ပ် တေယစ် အာဒိုဂန်သည် ပေါက်ကွဲမှု ဖြစ်ပွားသည့်သတ္တုတွင်းသို့ ရောက်ရှိခဲ့သည်။
မိမိတို့၏ ဦးစားပေးလုပ်ဆောင်မှုမှာ သတ္တု တွင်းလုပ်သားများကို ရှာဖွေတွေ့ရှိရန်ဖြစ် ပြီး နောက်ဆုံးကျန်ရှိနေသူတစ်ဦးကို တွေ့ရှိ ခဲ့ပြီကြောင်း၊ သူသည် သေဆုံးနေသဖြင့် သေ ဆုံးသူအရေအတွက်သည် ၄၁ ဦးအထိရှိခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ကို နာရီ ၂၀ ကျော်ပြုလုပ်ခဲ့ပြီးနောက် အဆုံး သတ်လိုက်ပြီဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။














