ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်ရန် ဆုံးဖြတ်ထားကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ကွန်မြူနစ်ပါတီညီလာခံ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြား

ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်ရန် ဆုံးဖြတ်ထားကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ကွန်မြူနစ်ပါတီညီလာခံ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြား
အောက်တိုဘာ ၁၆ ရက်က ပေကျင်းမြို့တော်တွင်ပြုလုပ်သည့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားနေသည့် သမ္မတ ရှီကျင်းပင်အား တွေ့ရစဉ် (Photo: AFP)
အောက်တိုဘာ ၁၆ ရက်က ပေကျင်းမြို့တော်တွင်ပြုလုပ်သည့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားနေသည့် သမ္မတ ရှီကျင်းပင်အား တွေ့ရစဉ် (Photo: AFP)
Published 16 October 2022
Ref: CNA

ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ရန် ဆုံးဖြတ်ထားသည်ဟု တရုတ်သမ္မတ ရှီကျင်းပင်က အောက်တိုဘာ ၁၆ ရက်က စတင်ကျင်း ပသည့် ကွန်မြူနစ်ပါတီညီလာခံ၏ အဖွင့်မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရှီသည် ၁၀ နှစ်လျှင် နှစ်ကြိမ်သာ ကျင်း ပသည့် ပါတီညီလာခံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စစ်အင်အားကို ကမ္ဘာ့အဆင့်အထိ တိုးမြှင့်တည်ဆောက်ရန်  အပါအဝင် အဓိကဦးစားပေးမူဝါဒများကို ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်က နောက်ဆုံးအကြိမ်ပြု လုပ်ခဲ့သည့် ပါတီညီလာခံတွင် သုံးနာရီခွဲကြာ ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်နှိုင်းယှဉ်ပါက ပိုမိုတိုတောင်းသည်ဟု ယူဆရမည့် ၎င်း၏ နှစ်နာရီမပြည့်သည့် မိန့်ခွန်းတွင် ရှီက ပုဂ္ဂ လိကအခန်းကဏ္ဍကို ထောက်ပံပေးရန်နှင့် စျေးကွက်များကို အဓိကအခန်းကဏ္ဍတွင် ပါဝင်စေရန် ခွင့်ပြုပေးမှု အစရှိသည့်အချက် များကို ထပ်လောင်းပြောကြားခဲ့သည်။

၎င်း၏ မိန့်ခွန်းအတွင်း ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ချိန် တွင် အကျယ်လောင်ဆုံး လက်ခုပ်သံများ ထွက်ပေါ်ခဲ့သည်။

သီတင်းတစ်ပတ်ကြာပြုလုပ်မည့် ယင်းညီလာခံတွင် ရှီသည် တတိယသက်တမ်းကို အနိုင်ရရှိလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရပြီး ရှီသည် မော်စီတုန်းပြီးလျှင် တရုတ်၏ သြဇာအာဏာအကြီးဆုံး ခေါင်း ဆောင်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ ကိုယ်စားလှယ် ပေါင်း ၂၃၀၀ ခန့်စုရုံးတက်ရောက်သည့် ပါတီညီလာခံကို တီအန်မင်ရင်ပြင် အနောက် ဘက်ရှိ ကြီးမားသည့် Great Hall of the People ခန်းမကြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးကို တင်းကျပ်ထားသည်။

မကြာသေးမီနေ့များကတည်းက တရုတ် အစိုးရသည် ရှီ၏ ကိုဗစ်ကင်းစင်မဟာဗျူဟာ ၏ ကတိကဝတ်များကို အလေးထားဖော်ပြခဲ့ သဖြင့် ပါတီညီလာခံပြီးပါက ကပ်ရောဂါဆိုင် ရာမူဝါဒများကို ဖြေလျှော့ပေးနိုင်ခြေရှိမှုအ ပေါ် တရုတ်ပြည်သူများ၏မျှော်လင့်ချက်များ ကို ပျက်ပြယ်စေခဲ့သည်။

ရှီကမူ COVID-19 ကပ်ရောဂါအ ကြောင်းကို အခြားအကြောင်းအရာများထက်  အနည်းငယ်သာပြောကြားခဲ့ပြီး အခြားနိုင်ငံ များသည် ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင် ရန်ကြိုးပမ်းနေချိန်တွင် ကိုဗစ်ကင်းစင်မူဝါဒ ကို ဆက်လက်ကျင့်သုံးသွားမည်ဟု ထပ် လောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ကြီး စိုးမှု၊ လူမှုဘဝတွေရဲ့ ကြီးစိုးမှုကို လိုက်နာ စောင့်ထိန်းပြီး ကိုဗစ်ကင်းစင်မူဝါဒကိုလည်း လိုက်နာစောင့်ထိန်းပြီး ကပ်ရောဂါကာကွယ် ရေး၊ ထိန်းချုပ်ရေးနဲ့ စီးပွားရေး၊ လူမှုရေးအ ခြေအနေတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်” ဟု ရှီက ဆိုသည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ရှီက မိမိတို့သည် ခွဲထွက်ရေးဝါဒနှင့် ကြားဝင်စွက် ဖက်မှုတို့ကို ဆန့်ကျင်သည့် အပြင်းအထန် ရုန်းကန်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်မှု၊ နယ်မြေတည်တံ့ ခိုင်မြဲမှု၊ အချုပ်အခြာအာဏာကို ကာကွယ် နိုင်စွမ်းရှိမှုနှင့် မိမိတို့၏ခိုင်မာသည့် ဆုံးဖြတ် ချက်ကို ပြသခဲ့ကြောင်း ရှီက ပြောကြားခဲ့ သည်။

ယင်းပြောကြားချက်ကို ပါတီညီလာခံ သို့တက်ရောက်လာသည့် ကိုယ်စားလှယ်များ  က ကျယ်လောင်သည့် လက်ခုပ်သြဘာသံများ ဖြင့် တုံ့ပြန်ခဲ့သည်။                     

Most Read

Most Recent