ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေသော ယူကရိန်းသည် ဆောင်းရာသီမတိုင်မီ အရေးပါသော စစ်မြေပြင် ရည်မှန်းချက်များ ပြည့်မီတော့မည်ဟု ပင်တဂွန်တာဝန်ရှိသူ ပြောကြား

ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေသော ယူကရိန်းသည် ဆောင်းရာသီမတိုင်မီ အရေးပါသော စစ်မြေပြင် ရည်မှန်းချက်များ ပြည့်မီတော့မည်ဟု ပင်တဂွန်တာဝန်ရှိသူ ပြောကြား
စက်တင်ဘာ ၂၉ ရက်က ခါကိဗ်ဒေသ၌ ယူကရိန်းစစ်သားများကိုဟောင်ဝဇ္ဇာသံချပ်ကာယာဉ်ပေါ်တွင် တွေ့ရစဉ် (Photo-AFP)
စက်တင်ဘာ ၂၉ ရက်က ခါကိဗ်ဒေသ၌ ယူကရိန်းစစ်သားများကိုဟောင်ဝဇ္ဇာသံချပ်ကာယာဉ်ပေါ်တွင် တွေ့ရစဉ် (Photo-AFP)
Published 4 October 2022
Ref:Reuters

ယူကရိန်းသည် ဆောင်းရာသီမတိုင်မီ ရုရှားစစ်တပ်ကို တိုက်ခိုက်ရန် စစ်ရေးနေရာယူမှုကို အားကောင်းအောင်လုပ်ဆောင်နေသောကြောင့် ကိယက်ဗ်အနေဖြင့် ၎င်း၏အရေးပါသော စစ်မြေပြင်ရည်မှန်းချက်အချို့ကို ရယူမည့်လမ်းကြောင်းပေါ် ရောက်နေပုံရသည်ဟု အောက်တိုဘာ ၃ ရက်တွင် အကြီးတန်းပင်တဂွန်တာဝန်ရှိသူက ပြောကြားသည်။

စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းတပ်များက နိုင်ငံတောင်ပိုင်းတွင် ကြီးကြီးမားမားအောင်ပွဲရရှိခဲ့သော နေ့နှင့် တစ်နေ့တည်းတွင် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီးဆယ်လက်စတီဝေါလန်ဒါ၏ အထက်ပါသုံးသပ်ချက်ထွက် ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းတပ်များသည် ရုရှားရှေ့တန်းတပ်များကို ထိုးဖောက်နိုင်ခဲ့ပြီး ဒီပရိုမြစ်တစ်လျှောက် လျင်မြန်စွာ တက်လာခဲ့ရာ ရုရှားစစ်သားထောင်ပေါင်းများစွာအတွက် ထောက်ပံ့ရေးလမ်းကြောင်းများကို ခြိမ်းခြောက်လျက်ရှိသည်။

ခါကိဗ်နှင့် ဒိုးနက်တို့တွင် များမကြာမီက အောင်ပွဲများရရှိခဲ့သည့်အတိုင်း ခါဆန်တောင်ပိုင်းဒေသတွင် လုပ်ဆောင်နေသော နောက်ဆုံးကြိုးပမ်းမှုများကို ဝေါလန်ဒါက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယူကရိန်းဟာ လတ်တလောမှာ အဲ့ဒီရည်မှန်းချက် သုံးခုစလုံးကို ရရှိတော့မယ့် အနေအထားရှိနေပါတယ်” ဟု ဝေါလန်ဒါက ၀ါရှင်တန်ရှိ Center For Strategic and International Studies အကြံပေးအဖွဲ့ကို ပြောကြားသည်။

ရုရှားအတွက် ဆုတ်ဆိုင်းမှုများက စစ်ပွဲကို ကွပ်ကဲနေသော ဗိုလ်ချုပ်များကို လူထုက ပြင်းပြင်းထန်ထန် ဝေဖန်သည့်အနေအထားအား ဖြစ်ပေါ်စေခဲ့ပြီး မော်စကိုအနေဖြင့် တပ်ဖွဲ့များ တစ်စိတ်တစ်ပိုင်းစုစည်းမှုကို လုပ်ဆောင်ရန် ချက်ချင်းညွှန်ကြားရသည့် အနေအထားဖြစ်စေခဲ့သည်။

ယူကရိန်းကိုလက်နက်တပ်ဆင်ပေးခြင်းနှင့် အကြံပေးခြင်းတို့လုပ်ဆောင်နေသော အမေရိကန်အနေဖြင့် ယူကရိန်းတွင် ရုရှား၏ကြီးကြီးမားမား စစ်ကူကို မမြင်ရသေးကြောင်း အမည်မဖော်လိုသော အမေရိကန်စစ်တပ် တာဝန်ရှိသူက ပင်တဂွန်သတင်းထောက်များကို ပြောကြားခဲ့သည်။

“သိသိသာသာပြောရမယ်ဆိုရင်တော့ ရုရှားစစ်ကူနည်းနည်းကိုပဲ ကျွန်တော်တို့ မြင်ရပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာ ကြီးကြီးမားမားစစ်ကူပို့တာမရှိပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

ရုရှားသိမ်းပိုက်ထားသော ယူကရိန်းဒေသလေးခုထဲက ဒေသတစ်ခုတွင်တည်ရှိသည့် အရေးပါသော လိုင်မန်းမြို့သည် ရုရှားစစ်သားများ ရှင်းလင်းသွားပြီဟု အောက်တိုဘာ ၂ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ကိယက်ဗ်နှင့် အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့လင့်ကစား သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများကို ရုရှားပြည်ထောင်စုနှင့် ပေါင်းစည်းမှုကို ရုရှားက ဆက်လက်လုပ်ဆောင်ခဲ့ချိန်တွင် ရုရှားကျူးကျော်မှုကို တွန်းလှန်သည့် ယူကရိန်း၏ သီတင်းပတ်များစွာကြာမြင့်သော တန်ပြန်ထိုးစစ်အတွင်း လိုင်မန်းမြို့၌ ရုရှားစစ်သားများ ရှင်းလင်းသွားသည့် နောက်ဆုံးဖြစ်ရပ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နီပရိုုမြစ်အနောက်ဘက်ကမ်းတွင် ယူကရိန်းတင့်ကားထိုးစစ်ရှေ့ကိုချီလာသည်ဟု ရုရှားက ဝန်ခံခဲ့သည်။

 

Most Read

Most Recent