ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေကွက်များ လျှောက်ထားရယူမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့်အမှု လေးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ် 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေကွက်များ လျှောက်ထားရယူမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့်အမှု လေးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ် 
Published 15 August 2022

ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် မြေကွက်များ ရယူမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုလေးမှုအတွက် စုစုပေါင်းထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။ 

သြဂုတ် ၁၅ ရက်က နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ယနေ့(သြဂုတ် ၁၅ ရက်) ရုံးချိန်းတွင် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုလေးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးပြီးစီးသွားသည့် အမှုများအတွက် စုစုပေါင်း ချမှတ်ထားသည့် ထောင်ဒဏ် ၁၇ နှစ်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent