ကမ်းလှမ်းမှုနှစ်ကြိမ် ငြင်းပယ်ခံရသည့် လီဆန်ဒရိုမာတီနက်ဇ်အား အာဆင်နယ်အသင်း တတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်မည်

ကမ်းလှမ်းမှုနှစ်ကြိမ် ငြင်းပယ်ခံရသည့် လီဆန်ဒရိုမာတီနက်ဇ်အား အာဆင်နယ်အသင်း တတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်မည်
Photo : Getty Images
Photo : Getty Images
Published 1 July 2022

အာဆင်နယ်အသင်းသည် ကမ်းလှမ်းမှုနှစ်ကြိမ်တိုင် ငြင်းဆန်ပယ်ချခံခဲ့ရသည့် အေဂျက်စ်အသင်း၏ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်အတွက် တတိယအကြိမ်ကမ်းလှမ်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လီဆန်ဒရိုမာတီနက်ဇ်သည် ခံစစ်တွင် အတွင်းလူအဖြစ်ရော၊ ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းနည်းပြ တန်ဟက်ဂ်ကလည်း အသင်းထံ ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

အာဆင်နယ်အသင်းသည် ၎င်းအတွက် ကမ်းလှမ်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာတွင် အေဂျက်စ်အသင်းက နှစ်ကြိမ်စလုံးကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ယခု တတိယအကြိမ်အဖြစ် ထပ်မံကမ်းလှမ်းလိုခြင်းဖြစ်ပြီး ပေါင် (၃၄)သန်းအထိ ဈေးတိုးမြှင့်ကမ်းလှမ်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အသက် (၂၄)နှစ်အရွယ်ရှိ လီဆန်ဒရိုသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားလိုနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းနှင့် အာဆင်နယ်အသင်းတို့၏ ကမ်းလှမ်း မှုများကို ကြိုဆိုနေသူလည်းဖြစ်သည်။

သို့ရာတွင် အေဂျက်စ်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၄၅)သန်းအထိ အလိုရှိနေပြီး အာဆင်နယ်အသင်းက ကမ်းလှမ်းသည့် ဈေးနှင့်ကွာဟနေဆဲဖြစ်ကြောင်းလည်း သိရှိရသည်။