ဂျေးဇူးကို ရောင်းချခဲ့ခြင်းအတွက် ဂွါဒီယိုလာ နောင်တရလိမ့်မည်ဟု ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်း ပြောကြား

ဂျေးဇူးကို ရောင်းချခဲ့ခြင်းအတွက် ဂွါဒီယိုလာ နောင်တရလိမ့်မည်ဟု ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 30 June 2022

လီဗာပူးလ်နှင့် ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်းက ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ရောင်းချခဲ့ခြင်းအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာ နောင်တရလိမ့်မည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် နာမည်ကျော်လူငယ်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူပြီးနောက် အသင်းတိုက်စစ်မှူး ဂျေဇူး (၂၅ နှစ်)ကို အာဆင်နယ်အသင်းထံသို့ ပေါင် (၄၅) သန်းဖြင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဟာမန်းက ဟော်လန်းမှာ ဒဏ်ရာမကြာခဏရတတ်သည့် ကစားသမားဖြစ်ပြီး ဂွါဒီယိုလာအနေဖြင့် ဂျေးဇူးကို လက်လွှတ်ခဲ့ခြင်းအတွက် နောင်တရလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

'' ဂျေးဇူးကို ရောင်းချလိုက်တဲ့အတွက် ဂွါဒီယိုလာ နောင်တရပါလိမ့်မယ်။ ဒဏ်ရာပြဿနာတွေရှိတဲ့ ဟော်လန်းအနေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားပြုကစားတဲ့ ပရီးမီးယားလိဂ်မှာ အခက်တွေ့မှာပါ။ ပြီးတော့ ဂျေးဇူးရဲ့မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်လည်း သူဟာ ဂိုးတွေ အများကြီးသွင်းနိုင်တဲ့ ကစားသမားဆိုတာကို မြင်တွေ့ရမှာပါ။ သူ့ကို ထွက်ခွာခွင့်ပေးခဲ့တာကို ကျွန်တော် အံ့သြမိပါတယ်''ဟု ပြောကြားခဲ့သည်။