နစကဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေများ

နစကဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေများ
Published 29 May 2022

နစကဥက္ကဋ္ဌနှင့် RCSS ကိုယ်စားလှယ်အဖွဲ့ မေ ၂၀ ရက်က တွေ့ဆုံစဉ်

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် ဖိတ်ခေါ်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက်အ ရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း တစ်ဖွဲ့ချင်းစီနှင့် နစကဥက္ကဋ္ဌ၊ နစက၏ အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီတို့အ ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မေ ၂၀ ရက်မှစတင်ကာ ပြုလုပ်နေ ပြီဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စတင်ဆွေးနွေးနေသည်။

မေ ၂၀ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ရှမ်း ပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးကြသည်။

RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီတို့ မေ ၂၁ ရက်နှင့် ၂၂ ရက်တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေး နွေးကြသည်။

နစကနှင့် RCSS/SSA  တို့၏ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ တွင် ပြည်ထောင်စုသဘောတူစာ ချုပ် အစိတ်အပိုင်း (၁/၂/၃) များ တွင် ပါရှိသည့် သဘောတူညီချက် များနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှ ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ အချက်များကို ပြန်လည်ဆွေးနွေး ခဲ့ကြသည်။

ပြည်ထောင်စုသဘောတူစာ ချုပ် အစိတ်အပိုင်းများသည် NLD အစိုးရလက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင် လုံအစည်းအဝေးများမှ ရရှိထားသော အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA- S EAO များ၏ သဘောတူညီချက်များ ဖြစ်သည်။

ယင်းအစိတ်အပိုင်းများတွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးဆိုင်ရာ အချက်များ ပါဝင်သည်။

ယခုအခါ အဆိုပါ သဘောတူ ညီချက်များကို နစကနှင့် RCSS/SSA တို့အကြား ပြန်လည်ဆွေးနွေး ကြခြင်းလည်းဖြစ်သည်။

နစကနှင့် RCSS/SSA တို့အကြား ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များကို သုံးရက် ကြာ ဆွေးနွေးခဲ့ကြပြီး ရရှိလာသော သဘောတူညီချက်များကို အတည် ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးထားသော သဘောတူညီ ချက်များတွင် မည်သည့်အချက်များ ပါဝင်သည်ကို အသေးစိတ် ဖော်ပြ ခြင်းမရှိပေ။

နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးထားသော အချက်များနှင့် ပတ်သက်၍ RCSS/SSA ပြောရေး ဆိုခွင့်ရှိသူများထံ ဆက်သွယ်မေး မြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖုန်း လက်ခံဖြေကြားခြင်း မရှိပေ။

သို့သော်လည်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း ရေး၊ တန်းတူရည်တူရှိပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးနှင့် လက်ရှိ နိုင်ငံရေးအကျပ်အ တည်းများ ဖြေရှင်းရေးတို့ကို ဦးတည် ၍ နစကဥက္ကဋ္ဌ၊ နစက၏ ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့တို့နှင့် ဆွေး နွေးရန် RCSS  အဖွဲ့က လက်ခံခဲ့ ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်း များအား ဖြေရှင်းခြင်းသည် အ ကောင်းဆုံးနည်းလမ်းဖြစ်ပြီး တွေ့ ဆုံဆွေးနွေးရေးအတွက် အပြန်အ လှန် ယုံကြည်မှုတည်ဆောက်ခြင်း သည်လည်း မရှိမဖြစ် လိုအပ်သည် ဟု မေ ၁၂ ရက်တွင် RCSS  အဖွဲ့က  ငြိမ်းချမ်းရေးဆွေးနွေးခြင်းနှင့်ပတ် သက်၍ ကြေညာချက် ထုတ်ပြန် ထားသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ ဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ပြည်သူ လူထုတစ်ရပ်လုံး လိုလားတောင့်တ သော အုပ်ချုပ်ရေးစနစ် ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်နိုင်ပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက် သော တိုင်းပြည်ကို တည်ဆောက် နိုင်မည်ဟု အလေးအနက် ယုံကြည် ကြောင်း မေ ၁၂ ရက် RCSS  အဖွဲ့ ၏ ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

RCSS အဖွဲ့သည် ၂၀၁၅ ခုနှစ် တွင် NCA  စာချုပ်$ ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။

ထိုသို့ NCA စာချုပ်တွင် လက် မှတ်ရေးထိုးထားသော်လည်း NCA စာချုပ်လက်မှတ်ရေးထိုးပြီး အစော ပိုင်းကာလများတွင် တပ် မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယခုနောက်ပိုင်းကာလများ တွင်မူ အဖွဲ့၏ နယ်မြေကျော်လွန် မှုနှင့် တပ်မတော်၏ နယ်မြေရှင်း လင်းရေးလုပ်ငန်းများကြောင့် အနည်းငယ် ထိတွေ့မှုမှအပ ပြင်း ထန်သော တိုက်ပွဲများ နည်းပါးခဲ့ သည်။

သို့သော်လည်း RCSS အဖွဲ့ သည် ရှမ်းမြောက်ဒေသအတွင်းသို့ ဝင်ရောက်လှုပ်ရှားမှုကြောင့် ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) တို့နှင့် နယ်မြေထိန်းချုပ်မှု ဆိုင်ရာ အငြင်းပွားမှုဖြစ်ပေါ်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ယင်းအဖွဲ့အစည်း များအကြား တိုက်ပွဲများ အတန်ငယ် ငြိမ်သက်နေသော်လည်း ယင်းအခြေ အနေသည် အချိန်မရွေး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်သော အခြေအ နေဖြစ်သည်။  

 RCSSအဖွဲ့၏ ပြောရေးဆို ခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက BBC သတင်းဌာနသို့ ပြော ကြားထားမှုတွင် နယ်မြေဆိုင်ရာကိစ္စ ပါဝင်သော်လည်း တိတိကျကျ ပြော ကြားထားခြင်း မရှိပေ။

နှစ်ဖက်သဘောတူညီမှုများ နှင့် ပတ်သက်၍ အလားအလာ ကောင်းများရှိသော်လည်း ထိရောက်သော အကောင်အထည်ဖော်မှုများ အတွက်မူ စောင့်ကြည့်ရမည့် အနေ အထားမျိုးသာရှိကြောင်းကို ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက  BBC သတင်းဌာနသို့ ပြောကြားထား သည်။

နစကဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါ တီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မေ ၂၃ ရက်တွင် တွေ့ဆုံဆွေးနွေးကြသည်။

နစက၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီခေါင်း ဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုကို မေ ၂၄ ရက်နှင့် ၂၅ ရက်တွင် ဆက် လက်ပြုလုပ်ခဲ့သည်။

နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေး နွေးမှုတွင် ဒီမိုကရေစီစနစ်ဖော် ဆောင်ရာ$ အသိပညာ၊ အတတ် ပညာနှင့်ပြည့်စုံသည့် လူသားရင်း မြစ်များ လိုအပ်သည့်အတွက် တစ် နိုင်ငံလုံးတွင် ပညာရည်မြှင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများကို နစကဥက္ကဋ္ဌက ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစ နစ်ကျင့်သုံးရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေ ခံသည့် ပြည်ထောင်စုစနစ်တည် ဆောက်ရေးဆိုင်ရာကိစ္စရပ်များကို လည်း နစကဥက္ကဋ္ဌက ဆွေးနွေးပြော ကြားခဲ့သည်။

နစကဥက္ကဋ္ဌ၏ ဆွေးနွေးပြော ကြားချက်များနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပြော ကြားခဲ့ကြသည်။

နစကနှင့် NMSP တို့၏ သုံး ရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ တွင် ပြည်ထောင်စုသဘောတူစာ ချုပ် အစိတ်အပိုင်း (၁/၂/၃) များ တွင် ပါရှိသည့် သဘောတူညီချက် များနှင့် ပြည်ထောင်စုသဘောတူစာ ချုပ် အစိတ်အပိုင်း (၃) မှ ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ အချက်များကိုလည်း ပြန်လည် ဆွေးနွေးခဲ့ကြသည်။

မေ ၂၅ ရက်တွင် သုံးရက်ကြာ ဆွေးနွေးမှုများမှ ရရှိလာသော သဘောတူညီချက်များကို နှစ်ဖက်သ ဘောတူလက်မှတ်ရေးထိုးခဲ့ကြ သည်။

နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြ သည့် သဘောတူညီချက်များတွင် မည်သည့်အချက်များ ပါဝင်သည်ကို မူ အသေးစိတ်ဖော်ပြခြင်း မရှိပေ။

သို့သော်လည်း ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရာတွင် လို အပ်သော အခြေခံမူများကို နစက နှင့် တွေ့ဆုံဆွေးနွေးမှုတွင် မွန်ပြည် သစ်ပါတီက တင်ပြခဲ့သည်ဟု အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင် မငေးက BBC သို့ ပြောသည်။

ယင်းတွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီက စုစုပေါင်း ခေါင်းစဉ် ၂၀ ခန့် တင်ပြခဲ့ပြီး ယင်းထဲတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး၊  အမျိုးသားတန်းတူရေး တို့ ပါဝင်သည်ဟု နိုင်အောင်မငေး က BBC သို့ ပြောသည်။

မွန်ပြည်သစ်ပါတီသည်  NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် NCA စာချုပ်လက်မှတ်ရေးထိုးခဲ့ သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့်  NCA စာချုပ်လက်မှတ်ရေးထိုးပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ တွင် ထိပ်ပိုင်းတစ်နေရာမှ ပါဝင်ခဲ့ သည်။

နစကဥက္ကဋ္ဌနှင့် ကရင်အမျိုး သားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်း ရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မေ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ သည်။

ထို့နောက် နစက၏ ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့နှင့်  (KNU/KNLA-PC) တို့ မေ ၂၇ ရက်နှင့် ၂၈ ရက်တွင် ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ် ခဲ့ကြသည်။

နစကနှင့် (KNU/KNLA-PC) တို့၏ သုံးရက်ကြာ တွေ့ဆုံဆွေးနွေး မှုများ တွင်လည်း ပြည်ထောင်စုသ ဘောတူစာချုပ် အစိတ်အပိုင်း (၁/ ၂/၃) များ တွင် ပါရှိသည့် သဘော တူညီချက်များနှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) မှ ဆက်လက်ဆွေးနွေးရန် ကျန် ရှိသည့် ဇယား-၂ ပါ အချက်များကို နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့က ပြန်လည်ရှင်းလင်းဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။

သုံးရက်ကြာပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဆွေးနွေးမှုများနှင့် ပတ်သက် ၍ ရရှိလာသော သဘောတူညီ ချက်များကို မေ ၂၈ ရက်တွင် နှစ် ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။

(KNU/KNLA-PC) သည် ၂၀၁၅ ခုနှစ်တွင် NCA စာချုပ် လက် မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ် သည်။

(KNU/KNLA-PC) သည် ယ ခင်ကတည်းကပင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုနည်းပါးသော အဖွဲ့ အစည်းဖြစ်ပြီး ယခင်က အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများတွင်လည်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ကို အဓိကဆွေးနွေးသော အဖွဲ့အ စည်းဖြစ်သည်။

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ် ခေါ်ချက်အရ မေ ၂၈ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့် နစကတို့ တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ထားသည်။

ယင်းသုံးဖွဲ့နှင့် ဆွေးနွေးမှုများ မှ ရရှိထားသော သဘောတူညီချက် များကို လက်မှတ်ရေးထိုးထားနိုင်ခဲ့ သည်။ယင်းသဘောတူညီချက်များ အား မည်သို့ အကောင်အထည်ဖော် မည်ဆိုသည့် အကြောင်းအရာနှင့် ယင်းသဘောတူညီချက်များတွင် မည်သည့်အချက်များ ပါဝင်သည် ဆိုသည့် အကြောင်းအရားများကို မူ ထုတ်ဖော်ပြောကြားခြင်း မရှိသေး ပေ။

ထို့ပြင် အဆိုပါ သဘောတူညီ ချက်များကို အခြေခံ၍ မည်သို့ ဆက် လက်ဆောင်ရွက်ကြမည်ဆိုသည် ကိုလည်း တိတိကျကျ ထုတ်ပြောခြင်း မျိုး မတွေ့ရဘဲ ဆက်လက်စောင့် ကြည့်ရမည့်သဘောမျိုးသာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများက ထုတ် ဖော်ပြောကြားထားသည်။

နစကဘက်က ယခု ၂၀၂၂ ခု နှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ် မှတ်ထားပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်မည်ဟု ပြော ကြားထားသည်။

သို့သော်လည်း တိုင်းရင်းသား ဒေသများတွင် လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲပင်ဖြစ် သည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွား နေသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများတွင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် KNU နှင့် KIA တို့ကဲ့သို့ အဖွဲ့အစည်းများ ပါဝင်နေသည်။

အဆိုပါ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကမူ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ငြင်းဆိုထားသည်။

နစကဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက် အရ NCA စာချုပ် လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့တို့ တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။

ယခုအခါ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးထားပြီး ဆက်လက် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ ခုနစ်ဖွဲ့ ကျန်ရှိနေသေးသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားပြီး တွေ့ဆုံဆွေးနွေး ရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းခုနှစ်ဖွဲ့ နှင့် နစကတို့ တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါဝင်သော ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ၏ ရလဒ်များက ပြည်တွင်းငြိမ်းချမ်း ရေးအတွက် မည်မျှအထောက်အကူ ဖြစ်သည်ကို ဆက်လက်စောင့်ကြည့် ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင်မူ ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခနှင့်လုံခြုံ ဘေးကင်းမှုမရှိသည့် အခြေအနေများက ပြည်သူလူထုအပေါ် ကြီးမားစွာ ခြိမ်းခြောက်နေဆဲ ဖြစ်သည်။

Most Read

Most Recent