မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဆိုင်အတွင်း၌ စျေးဝယ်နေသည့် အမျိုးသားနှစ်ဦး  သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဆိုင်အတွင်း၌ စျေးဝယ်နေသည့် အမျိုးသားနှစ်ဦး  သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 29 May 2022

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် စျေးဝယ်နေသည့် အမျိုးသားနှစ်ဦးအား ဆိုင်တွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ် ခံရမှုကြောင့် သေဆုံးမှု မေလ ၂၈ ရက် ညနေ ၆နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၈လမ်းနှင့်၉၁လမ်းထောင့်ရှိ KKရောင်းဝယ်ရေးဆိုင်သို့ ဦးရန်နိုင်ကျော်နှင့် ဦးအောင်ကျော်မိုးတို့နှစ်ဦးသည် စျေးဝယ်နေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် Mask တပ်ဆင်ထားသော အမျိုးသားလေးဦးမှ ဆိုင်တွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့လေးဦးမှ သေနတ်ဖြင့်ခြောက်ချက်ခန့်ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့‌ကြောင်း၊ သေနတ်ပစ်ခံရမှုကြောင့် ဦးရန်နိုင်ကျော်တွင် လက်ဝဲနားထင်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ လက်ဝဲဖက်နား ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ လက်ဝဲပါး ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ညာဘက်လက်ပြင် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဦးအောင်ကျော်မိုးတွင် ညာဘက်လည်ပင်း ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ နဖူးဖောက်တင်ဒဏ်ရာတစ်ချက်၊ညာဘက်ဖောက်ဝင်ဒဏ်ရာတစ်ချက် စသည့်တို့အသီးသီးတို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသူ ဦးရန်နိုင်ကျော်မှာ အသက်၄၈နှစ်အရွယ် စာတိုက်တန်းရပ် အကွက်မှူး၊ စိန်ပန်းရပ်ကွက်ဖြစ်ပြီး ဦးအောင်ကျော်မိုးမှာအသက်၄၃နှစ်အရွယ် ပွတ်တန်းရပ်၊စိန်ပန်းရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြကြောင်း သိရသည်

Most Read

Most Recent