မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၏အခြေအနေကို ဘိုင်ယန်မြူးနစ် စောင့်ကြည့်နေ

မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၏အခြေအနေကို ဘိုင်ယန်မြူးနစ် စောင့်ကြည့်နေ
Photo: Metro
Photo: Metro
Published 26 May 2022

ဘိုင်ယန်မြူးနစ်အသင်းသည် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန်ပစ်မှတ်ထားနေပြီး ၎င်း၏အခြေအနေကို စောင့်ကြည့်နေကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။

အသက် (၂၄) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၅) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ထို့ပြင် မန်ယူအသင်းနှင့်ချုပ်ဆို ထားသည့် ရပ်ရှ်ဖို့ဒ်၏စာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ရာ ၎င်းအနေဖြင့် ယခုနွေတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်နေသည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းမှထွက်ခွာဖွယ်ရှိသည့် လီဝန်ဒေါစကီးနှင့် နာဘရီတို့နေရာတွင် ရပ်ရှ်ဖို့ဒ်ဖြင့် အစားထိုးရန် စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent