ပြည်တွင်း စားအုန်းဆီ သိုလှောင်ကန်များ၌ စားအုန်းဆီလက်ကျန် ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်း ထုတ်ပြန်

ပြည်တွင်း စားအုန်းဆီ သိုလှောင်ကန်များ၌ စားအုန်းဆီလက်ကျန် ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်း ထုတ်ပြန်
Published 26 April 2022

ပြည်တွင်းစားအုန်းဆီသိုလှောင်ကန်များ၌ စားအုန်းဆီလက်ကျန် ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည် အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီ ညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင် စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည်။

ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ စျေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်း ချရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်း များ ဖြစ်ပေါ်စေရေးအတွက် ကမ္ဘာ့စားအုန်း ဆီစျေးနှုန်းများ ဖြစ်ပေါ်မှုကို အခြေခံ၍ တွက် ချက်ရရှိသည့် ရည်ညွှန်းလက်ကားစျေးနှုန်း ကို အပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိ ရာ ဧပြီ ၂၅ မှ မေ ၁ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်စျေး တစ်ပိဿာ လက်ကား ရည်ညွှန်းစျေးနှုန်းကို ကျပ် ၅၆၂၀ ဖြစ်ကြော င်း ထုတ်ပြန်ပေးခဲ့သည်။

ပြည်တွင်းစားအုန်းဆီသိုလှောင်ကန် များ၌ လက်ရှိတွင် စားအုန်းဆီလက်ကျန် ၃၁၀၉၀ ဒသမ ၉၈ တန်၊ ပိဿာချိန် ၁၉၀၃၉၈၀၅ ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်းနှင့် အနယ်နယ်အရပ် ရပ်သို့ နေ့စဉ်ပုံမှန်ဖြန့်ဖြူးရောင်းချပေးလျက် ရှိပြီး ပြည်ပမှ စားအုန်းဆီသင်္ဘောများလည်း ပုံမှန်ဝ င်ရောက်လျက်ရှိကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၏စားအုန်းဆီတင်ပို့မှု မူဝါဒဆိုင်ရာသတင်းများကို ချဲ့ကား၍ ကောလာဟလသတင်းများ ထုတ် လွှင့်နေမှုအပေါ် စားသုံးသူပြည်သူများအနေ ဖြင့် စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်းနှင့် ပြည် တွင်း၌ စားသုံးဆီပြတ်လပ်မှုမရှိစေရေး ၊ ပြည်တွင်းစားအုန်းဆီစျေးကွက် တည်ငြိမ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူရရှိရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ပြည် တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ် ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

Most Read

Most Recent