ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် အငြိမ်းစားတပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ နန်းတော်ရှေ့ဆရာတင်အပါအဝင် တေးရေး၊ ဂီတ၊ အတီး၊ အဆို၊ ဆိုင်း၊ ဇာတ်သဘင်၊ အနုပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် တံဆိပ်များ ချီးမြှင့်

ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် အငြိမ်းစားတပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ နန်းတော်ရှေ့ဆရာတင်အပါအဝင် တေးရေး၊ ဂီတ၊ အတီး၊ အဆို၊ ဆိုင်း၊ ဇာတ်သဘင်၊ အနုပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် တံဆိပ်များ ချီးမြှင့်
Published 18 April 2022

ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေအပါအဝင် အငြိမ်းစားတပ်မ တော်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ နန်းတော်ရှေ့ ဆရာတင် အပါအဝင် တေးရေး၊ ဂီတ၊ အတီး၊ အဆို၊ ဆိုင်း၊ ဇာတ်သဘင်၊ အနုပညာရှင်များ ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ကဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ကြောင်း ဧပြီ ၁၇ ရက်၊ မြန်မာ နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာထုတ် ပြန်ခဲ့သည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လွတ်လပ်ရေးရပြီး (၇၅)နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင် နိုင်မှုများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဘွဲ့တံဆိပ်ချီးမြှင့်ခံရသူများတွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကို နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးနု၊ နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဦးစန်းယုနှင့် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ထမ်း ဆောင်ခဲ့သည့်  ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း သတိုးသီရိသုဓမ္မဘွဲ့ နှင့် သတိုးမဟာသရေစည်သူဘွဲ့ကိုရရှိခဲ့ကြောင်း သိရသည်။            

အလားတူ ယာယီသမ္မတ ဦးမြင့်ဆွေကိုလည်း သတိုးသီရိသုဓမ္မဘွဲ့ချီးမြှင့်ခဲ့ပြီး အဂ္ဂမဟာသရေစည်သူဘွဲ့အား နိုင်ငံတော်ဝန် ကြီးချုပ်တာဝန်ထမ်းခဲ့သည့်ဦးနု၊ ဦးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဦးစန်းယုတို့ကိုချီးမြှင်ခဲ့သည်။

ယင်းအပြင် နိုင်ငံတော်ဝန်ကြီးချုပ်တာ ဝန်ထမ်းဆောင်ခဲ့သည့်ဦးစိန်ဝင်းနှင့် ဦးမောင် မောင်ခ၊ လက်ရှိယာယီသမ္မတ ဦးမြင့်ဆွေ၊  ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးသူရကျော်ထင်တို့ကို သတိုးမဟာသရေစည်သူဘွဲ့များ ချီးမြှင့်ခဲ့သည်။

အလားတူ နိုင်ငံတော်ဝန်ကြီးချုပ်တာ ဝန်ထမ်းဆောင်ခဲ့သည့်  ဦးဗဆွေနှင့် သူရဦး ထွန်းတင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီးအေးကိုနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီတို့ကို မဟာသရေစည်သူဘွဲ့အား ချီးမြှင်ခဲ့သည်။

နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ဦးစိန်လွင်နှင့် ဒေါက်တာမောင်မောင်၊ ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ်သန်းတင်၊  ဝန်ကြီးတာဝန်များထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ၊  ဗိုလ်မှူးချုပ်တင့်ဆွေအပါအဝင် အငြိမ်း စား တပ်မတော်အရာရှိကြီးရှစ်ဦးကို သရေစည်သူ ဘွဲ့များ ချီးမြှင့်ခဲ့သည်။

ယခင် တပ်မတော်တွင် ကာကွယ်ရေးဦး စီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တာဝန်များထမ်းဆောင်ခဲ့သူ  ၁၀ ဦးကို စည်သူဘွဲ့အားလည်းကောင်း၊  အငြိမ်းစား တပ်မတော်အဆင့်မြင့်အရာရှိကြီး ၃၆ ဦးကို ဇေယျ ကျော်ထင်ဘွဲ့အားလည်းကောင်း ချီးမြှင့်ခဲ့သည်။

ထို့ပြင်  ဝဏ္ဏကျာ်ထင်ဘွဲ့ချီးမြှင့်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ခေါင်းဆောင်များ ၂၀ ဦးကိုပေးအပ်ခဲ့ပြီး ၎င်းတို့ထဲ တွင် ကရင်တော်လှန်ရေးကောင်စီ ဗဟိုအာဏာပိုင်အဖွဲ့မှ စောဟန်တာသာမွေး၊ မွန်ပြည်သစ်ပါတီမှနိုင်ရွှေကျင်၊  မြိုင်ကြီးငူ ဆရာတော်ဦးသုဇန၊ ကချင်အဖွဲ့ (NDAK)မှ ဦးစခုန် တိန့်ယိန်း၊ ပအိုဝ်းအဖွဲ့(PNO)မှ ဦးအောင် ခမ်းထီ၊ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ RCSS/SSA  ဥက္ကဋ္ဌ ယွက်ဆစ်နှင့် PNLO မှ ဦးခွန်ဥက္ကာ၊ မွန်ပြည်သစ် ပါတီမှ နိုင်ထောမွန်၊ ရခိုင်လွတ်မြောက်ရေး ပါတီ(ALP)မှ ခိုင်စိုးနိုင်အောင်၊ KNU/KLA-PC မှ ဗိုလ်ချုပ်ဌေးမောင်၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး(LDU)မှ ကြာခွန်ဆာတို့ ပါဝင်ကြောင်းသိရသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်သည့် ဦးလှမောင်ရွှေ၊ JMC-U ဒုတိယ ဥက္ကဋ္ဌ(၂) ဦးပြည့်စုံနှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးမောင်မောင်ငြိမ်း၊ စိုင်းမျိုးသန့်၊ သိက္ခာတော်ရ ဆရာတော် စောမက်သယူအေးတို့ကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခဲ့သည်။

အလင်္ကာကျော်စွာဘွဲ့ကို နန်းတော်ရှေ့ ဆရာတင်၊ ရွှေတိုင်ညွန့်၊ ဦးရွှေ နန်းတင်၊ တွံတေးသိန်းတန်၊ စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွတ်၊ သုမောင်နှင့် ဦးစိန်ဗိုလ်တင့်တို့ကို ချီးမြှင့်ခဲ့ပြီး အနုပညာရှင်များဖြစ်သည့် ဦးမြတ်သစ်အား လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)၊  စိုးမြတ်သူဇာအား လူမှုထူးချွန်တံဆိပ် (ဒုတိ ယအဆင့်)တို့ကို ပေးအပ်ချီးမြှင်ခဲ့သည်။         

အနုပညာထူးချွန်တံဆိပ်(ပထမဆင့်) ၂၁  ဦး၊  အနုပညာထူးချွန်တံဆိပ်(ဒုတိယဆင့်) ၁၁ ဦးနှင့်အနုပညာထူးချွန်တံဆိပ် (တတိယဆင့်) သုံးဦးပေးအပ်ချီးမြှင့်ခဲ့ပြီး ၎င်းတို့ထဲတွင် ကိုအံ့ကြီး၊ ဦးသန်းမြတ်စိုး၊ တက္ကသိုလ်လဲ့လဲ့၊ စိန်မွတ်တား၊ မြန်မာပြည်ကျောက်စိမ်း၊ မွန်ပြည်နယ်ကိုကိုနိုင်၊ ဦးအံ့ကျော်၊ဦးဇော်ဝမ်း စသည့် ထင်ရှားသူများပါဝင်သည်။