မေလအထိ ရှိနေမည့် အချိန်ပိုင်း လျှပ်စစ်မီးပေးမှုနှင့် ကြုံတွေ့ရသည့်ဒုက္ခများ

မေလအထိ ရှိနေမည့် အချိန်ပိုင်း လျှပ်စစ်မီးပေးမှုနှင့် ကြုံတွေ့ရသည့်ဒုက္ခများ
အလုံမြို့နယ်အတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွင် တန်းစီစောင့်ဆိုင်းနေသောယာဉ်များကို မတ် ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
အလုံမြို့နယ်အတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွင် တန်းစီစောင့်ဆိုင်းနေသောယာဉ်များကို မတ် ၂၆ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 27 March 2022
ဇော်မင်းနိုင်

“မေလလယ်လောက်အထိ ဒီပုံအတိုင်း သွားမယ့်သဘောရှိပါတယ်။ အချိန်နည်းနိုင်သမျှ နည်းအောင် ပြန်လုပ်ပေးပါ့မယ်” ဟု နစက၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိကြုံတွေ့နေရသည့်ဒုက္ခမှာ လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်သည်။

၂၀၂၂ ခုနှစ် နှစ်စပိုင်းမှစတင်ကာ လျှပ်စစ်မီး ပြတ်တောက်မှုကို ရန်ကုန်လူထု ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်ဟု ဆိုနိုင်သည်။

“ဖေဖော်ဝါရီလောက်တည်းက မီးပြတ်နေတာ။ အခုချိန်ကတော့ အဆိုးရွားဆုံးပဲ” ဟု ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။     

ယင်းကြောင့် မတ်လလယ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးပေးမှုကို အချိန်ဇယားဖြင့် ထွက်ရှိလာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုတွင် အုပ်စုနှစ်စုခွဲပြီး လေးနာရီတစ်ခါ အလှည့်ကျ မီးပေးစနစ်ဖြင့် စတင်ပေးဝေခဲ့ သည်။

အုပ်စု-အေတွင် မီးလာနေပါ က အုပ်စု -ဘီတွင် မီးပြတ်နေမည်ဖြစ်ကာ အုပ်စု-ဘီ တွင် မီးလာနေပါက အုပ်စု-အေတွင်မီးပြတ်မည်ဖြစ်ပြီး လျှပ်စစ်မီးရရှိချိန်မှာ လေးနာရီ သာရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အုပ်စုလေးခုခွဲပြီး ပေးထားတာပေါ့။ လောလောဆယ်တော့ ကျွန်မတို့လည်း အဲဒီ လောက်ပဲ သိရသေးတယ်။ ကိုယ့်မြို့နယ်က ဘယ်ခရိုင်ထဲပါလဲဆိုတာနဲ့ ဘယ်အချိန် မီး လာမလဲ မီးပြတ်မလဲဆို တာက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ကို မေးကြည့်ရင် အဆင်ပြေ မယ်။ လောလောဆယ်တော့ ကျွန်မတို့ဆီမှာ က လေးနာရီခြားတစ်ခါ မီးပေးမယ်ဆိုတာပဲ ရှိပါသေးတယ်။ ဥပမာ မနက် ၅ နာရီမီးပြတ် ရင် မနက် ၉ နာရီကျရင် မီးပြန်လာမယ်။ အဲဒီ လိုပေါ့”ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၏ ဃေူူ ဃနညအမန မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့  လျှပ်စစ်မီးအလှည့်ကျစနစ် ဖြင့် ပေးဝေရာတွင် စက်မှုဇုန်များအနေဖြင့် နံနက်  ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ် စစ်မီးရရှိမည်ဖြစ်ပြီး ကျန်သည့်အချိန်များ တွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံမှန်အချိန်တွင် အမြင့်ဆုံး ဓာတ်အား ထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄၂၀၀ ခန့် ရှိပြီး  လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများ ၏ ထုတ်လုပ်မှု မဂ္ဂါဝပ် ၇၅၀ ခန့်မှာ ဓာတ်ငွေ့ စျေးနှုန်း မြင့်တက်နေသဖြင့် ရပ်တန့်ထားရ ခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အားများကို ပို့လွှတ်လျက် ရှိသည့် ၂၃၀ ကေဗွီဘီလူးချောင်း (၂)-ရွှေမြို့ဓာတ်အား လိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင် ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူး ချောင်း (၂)-တီကျစ်ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ပုံမှန်ပို့လွှတ် လျက်ရှိသည့် မဂ္ဂါ ဝပ် ၂၂၀ ခန့်မှာ ပို့လွှတ်နိုင် ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိ ရာ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု ၉၇၀ မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေ သဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အားဖြန့်ဖြူးပေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အဓိ က အခက်အခဲဖြစ်စေခဲ့သည့်အရာမှာ ကုန် ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်နေသည့် အချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုမှာ လုပ် ငန်းရှင်များအတွက် အခက်အခဲဖြစ်စေခဲ့ သည်။

ဝယ်ယူမှုအားနည်းမှုက လျှပ်စစ်မီးပြတ် တောက်မှုများနှင့်ပေါင်းမိခြင်းကြောင့် မပြီး ပြတ်ဘဲ ကျန်ရစ်ခဲ့သည့် အလုပ်များမှာ စစ် တမ်း၏ ခြောက်နှစ်ကြာသမိုင်းတွင် အများ ဆုံးနှုန်းဖြင့် မြင့်တက်လာစေခဲ့သည်။ လက် ကျန်အလုပ်များ သမိုင်းဝင်စံချိန်တင်နှုန်းဖြင့် မြင့်တက်လာခဲ့သည်မှာ သုံးလဆက်တိုက် ဖြစ်ကြောင်း မတ် ၁ ရက်တွင် ထုတ် ပြန်သည့် IHS Markit မြန်မာ ထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

“ဖေဖော်ဝါရီလ အချက်အလက်များက အကျဘက်တွင် ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီများအတွက် တွေ့မြင်နေကျ ကားချပ်ပုံကို ဖော်ပြနေတယ်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ဝယ်ယူရေးလုပ်ငန်း များ ပိုလျင်မြန်စွာ ကျဆင်းလာချိန်တွင်လက် ကျန်အလုပ်များမှာ စစ်တမ်းတွင် စံချိန်တင် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့တယ်။ စီးပွားရေးလုပ်ငန်းများအပေါ်သို့ ဖိစီးနေကြတဲ့ အချက်များအဖြစ် နိုင်ငံရေးမတည်ငြိမ်မှု များ၊ ဓာတ်အားပြတ်တောက်မှုများ၊ ကူးစက် မြန်ကပ်ဘေးနှင့် ကုန်ကြမ်းများ ရှားပါးမှုကို ထပ်ပြီး အစီရင်ခံညွှန်ပြခဲ့ကြပြန်တယ်”ဟု IHS Markit မှ စီးပွားရေးပညာရှင် Shree ya Patel က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှု ဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိသာ လျှပ်စစ်မီးရရှိမှုကြောင့်အလုပ်ရုံ တချို့ ရပ်နားရခြင်းများ၊ အလုပ်ချိန်လျှော့ချ ခြင်းများရှိလာသည်ဟု စက်မှုဇုန်တာဝန်ရှိ သူအချို့ထံမှ သိရသည်။

“စက်ရုံတွေက လည်ပတ်နှုန်းကို လျှော့ ချတဲ့ပုံစံ ဖြစ်သွားတာပေါ့။ ဒီအတိုင်းဆိုရင် တော့ ရေရှည်မကောင်းဘူးပေါ့နော်။ အခုဆို အချိန်ပို မခေါ်နိုင်တော့ဘူးပေါ့။ ပုံမှန်တော့ လည်ပတ်နေကြပါတယ်။ တချို့ စက်ရုံတွေ ကျတော့ ၂၄ နာရီ လည် ပတ်တာရှိတဲ့အတွက် အဆင်မပြေ ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အချို့စက်ရုံများမှာ ၂၄ နာရီ လည်ပတ်ရသည့် စက်ရုံများလည်း ရှိနေပြီး လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဆုံးရှုံးမှုများရှိကြောင်း ရွှေ သံလွင်စက်မှုဇုန်မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

“ကျွန်တော်တို့ဇုန်ထဲမှာတော့ ပိတ်လိုက်ရတဲ့အထိမရှိသေးပါဘူး။ ဒါပေမဲ့လည်း တော်တော်တော့ ညည်းညူနေကြပြီ။ တချို့ စက်ရုံတွေဆို စက္ကန့်ပိုင်းလေး ပျက်တာ တောင်မှ ကော်စေ့စက်ရုံဆိုရင် တန်ပေါင်း များစွာ ပျက်စီးသွားတာပေါ့။ အဲဒါမျိုးတွေ တော့ ရှိတာပေါ့” ဟု အဆိုပါတာဝန်ရှိသူက ပြောကြား သည်။

ရန်ကုန်မြို့လယ် ညပိုင်းမြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်သုံးဆီဖြင့် လည်ပတ်မည်ဟု ဆိုနိုင်သော် လည်း လတ်တလောစက်သုံးဆီစျေး ကြီးမြင့် မှုက လုပ်ငန်းရှင်များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။

“ဒီရက်ပိုင်းတွေမှာ စက်သုံးဆီစျေးတွေ က တောက်လျှောက်တက်လာတော့နောက်ပိုင်း ဘယ်လိုတွေလာမလဲ မသိဘူးပေါ့။ အချိန်ပိုတွေ ဘာတွေတော့ ခေါ်တာမရှိ တော့ပါဘူး။ ပုံမှန်အလုပ်ချိန်ပဲ လည်ပတ်နေ ကြတာပေါ့”ဟု ရွှေသံလွင်စက်မှုဇုန်ကော် မတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီစျေး မြင့်တက်မှုကြောင့် အချို့စက်ရုံများမှာ ခံနိုင်ရည်ရှိသော်လည်း အများစုမှာ စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစား နေရသဖြင့် ရပ်တည်ရန် မလွယ်ကူကြောင်း သိရသည်။

“စက်သုံးဆီကလည်း အရမ်း စျေးတက် နေတော့ ခက်ခဲတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ကျစရိတ်တွေက တက်လာတော့ ပိုပြီး ဆိုးသွားနိုင်တာပေါ့။ တချို့ခံနိုင်မယ့် စက်ရုံ တွေကတော့ ခံနိုင်မှာပေါ့။ တချို့မခံနိုင်တဲ့ စက်ရုံတွေကျတော့လည်း မခံနိုင်ဘူး” ဟု စက်မှုဇုန်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ဇန်နဝါရီ ၄ ရက်က တစ်လီတာလျှင် ကျပ် ၁၄၀၀ သာရှိသည့် စက်သုံးဆီစျေးမှာ မတ် ၂၆ ရက်တွင် တစ်လီတာလျှင် ကျပ် ၂၀၅၅ ကျပ်သို့ ရောက်ရှိလာခဲ့ရာ နှစ်လ ကျော်ကာလအတွင်း တစ်လီတာလျှင် ကျပ် ၆၀၀ ကျော်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲမဖြစ်ပေါ်မီက ၉၂ တစ်လီတာလျှင် ကျပ် ၆၂၀ ဝန်း ကျင်၊ ၉၅ တစ်လီတာလျှင် ကျပ် ၇၅၀ ဝန်း ကျင်သာရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်း အလဲဖြစ်ပေါ်အပြီး တစ်နှစ်ကျော်အကြာ တွင် စက်သုံးဆီစျေးနှုန်းမှာ အဆပေါင်းများ စွာမြင့်တက်လာခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။

ယင်းအခြေအနေမှာ စက်ရုံ အလုပ်ရုံများ၏ လက်ရှိအခြေအနေဖြစ်ပြီး ရန်ကုန်တိုင်း အတွင်း နေထိုင်သူများအနေဖြင့် လျှပ်စစ် မီးပြတ်တောက်မှုကြောင့် ရေမရရှိခြင်းမှာ အကြီးမားဆုံးအခက်အခဲဟု ဆိုရမည်ဖြစ် သည်။

“အရင်တုန်းကတော့ ဘယ်အချိန် ပြတ်မလဲမသိရတော့ ရေတင်ရတာလည်း အဆင် မပြေဘူး။ အခု အချိန်ပိုင်းနဲ့ မီးပေးတော့ ဘာ ဖြစ်လဲဆိုတော့ ရေကို မီးလာတဲ့အချိန်လေး ၀ိုင်းတင်တော့ ရေကမတက်ဘူး။ ၀ိုင်းဆွဲ တော့ မီးအားမငြိမ်ဘူး။ အဲဒါမျိုးတွေဖြစ် တယ်။ ရေတင်မယ် လုပ်တော့ မီးက သတ် မှတ်ချိန်ပြည့်လို့ ပြန်ပျက်သွားရော”ဟု ရန် ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူတစ် ဦးက ပြောကြားသည်။

ယင်းကြောင့် တိုက်ခန်းများတွင် နေ ထိုင်သူအများစုမှာ ရေပေးဝေသည့် ပရဟိတ အသင်းများကိုသာ အားကိုးနေရကြောင်း သိရသည်။

“တချို့အသင်းတွေကိုကျတော့ ဆီဖိုး လိုမျိုး ပြန်လှူပေးလိုက်တယ်။ သူတို့အတွက် ကလည်း ဆီဖိုးက စျေးကြီးတော့ မတတ်နိုင် ဘူး။ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ပြန်လှူ ရတာပေါ့”ဟု ရန်ကုန်တိုင်းဒေသကြီး သာ ကေတမြို့နယ် ရှုခင်းသာအိမ်ရာတွင် နေ ထိုင်သူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အခြားဒုက္ခရောက်ရသည့်အရာမှာ စီအင်ဂျီ ဆိုင်များ၌ ဂက်စ်ဖြည့်သည့်မော်တော်ယာဉ် များ ဖြစ် သည်။

“မီးကမလာတော့ တန်းစီရတာ တော် တော်ကြာတယ်။ မီးလာချိန်ကို လုပြီးတန်းစီရ တာ။ မလွယ်ဘူး” ဟု ရန်ကုန်မြို့တွင်း အငှား ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် မော်တော်ယာဉ်လိုင်းများမှာလည်း အခေါက်ရေအပြည့်ပြေးဆွဲနိုင်ခြင်းမရှိသေး ဟု ယာဉ်လိုင်းပိုင်ရှင်အချို့ထံမှ သိရသည်။

“အခေါက်ရေကတော့ မပြည့်ဘူး။ အရင်က မီးပြတ်တာက ခပ်စိတ်စိတ်တုန်းက တော့ ကားတွေကို ပုံနေတာပဲ။ အခုက လေး နာရီတစ်ခါလာတော့ နည်းနည်းသက်သာ တယ်။ ဒါပေမဲ့ အရင်မီးမှန်တုန်းကလိုတော့ အဆင်မပြေသေးဘူး။ ဂက်စ်ဖြည့်ရတာတော် တော်တန်းစီ နေရတုန်းပဲ”ဟု ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းတစ်ခု မှ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent