နိုင်ငံကိုပျက်စီးစေလိုသူများက တပ်မတော်ကိုဖြိုခွဲရန်ဦးတည်လာပြီး တပ်မတော်ပြိုကွဲရေးကို ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သဖြင့် ကာကွယ်တားဆီးရန် တပ်မတော်သားများနှင့်မိသားစုဝင်များကို နစကဒုတိယဥက္ကဋ္ဌ မှာကြား

နိုင်ငံကိုပျက်စီးစေလိုသူများက တပ်မတော်ကိုဖြိုခွဲရန်ဦးတည်လာပြီး တပ်မတော်ပြိုကွဲရေးကို ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သဖြင့် ကာကွယ်တားဆီးရန် တပ်မတော်သားများနှင့်မိသားစုဝင်များကို နစကဒုတိယဥက္ကဋ္ဌ မှာကြား
Published 22 March 2022

နိုင်ငံကိုပျက်စီးစေလိုသူများက တပ်မတော်ကိုဖြိုခွဲရန်ဦးတည်လာပြီး တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သဖြင့် ကာကွယ်တားဆီးရန် တပ်မတော်သားများနှင့်မိသားစုဝင်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

မတ် ၂၀ ရက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မိုင်းမောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာ စကားပြောကြားရာတွင် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်နှင့်အညီ ရှေ့လုပ်ငန်းစဉ်ငါးရပ်၊ ဦးတည်ချက် ကိုးရပ်ချမှတ်၍ နိုင်ငံတော်၏ အကျိုးစီးပွားကို ဖော်ဆောင်ကြိုးပမ်းလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ တပ်မတော်သားများအနေဖြင့် နိုင်ငံ့အရေးအရာနှင့်ပတ်သက်၍ ကျရာအခန်းကဏ္ဍဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံကိုပျက်စီးစေလိုသော နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများအနေဖြင့် အလုံးစုံပျက်စီးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး အစိုးရယန္တရားရပ်တန့်စေရန် နိုင်ငံ့ဝန်ထမ်းများကို နည်းမျိုးစုံဖြင့် မြူဆွယ်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့် CDM ပြုလုပ်စေကြောင်း၊ နိုင်ငံ့အပေါ် သစ္စာမဲ့စွာဖြင့် ဝန်ထမ်းအချို့ CDM ပြုလုပ်ခဲ့မှုကြောင့် လစ်လပ်ခဲ့ရသည့် ကျန်းမာရေး၊ ပို့ဆောင်ရေးအပါအဝင် လိုအပ်သည့်နေရာစုံ ကဏ္ဍစုံများတွင် တိုင်းရင်းသားပြည်သူများ အဆင်ပြေစေရန် တပ်မတော်သားပညာရှင်များအပါအဝင် သစ္စာရှိကြသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် ဝင်ရောက်ဖြည့်ဆည်းဆောင်ရွက်ခဲ့ရကြောင်း၊ COVID-19 တတိယလှိုင်း ကူးစက်မြန် Delta မျိုးကွဲပြင်းထန်စွာ ကူးစက်သည့်ကာလအတွင်း အခက်အခဲအကျပ်အတည်းမျိုးစုံကို ပြည်သူလူထု၊ သစ္စာရှိ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များ၏ စုပေါင်းအင်အားဖြင့် အောင်မြင်စွာဖြတ်ကျော်ခဲ့ကြောင်း၊ ဆက်လက်၍လည်း စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲများနှင့်စိန်ခေါ်မှုများကို အောင်မြင်စွာဖြတ်ကျော်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုသည်။

ထို့အတူ ဆူပူဆန္ဒပြခြင်း၊ CDM ပြုလုပ်စေခြင်းတို့ဖြင့် အောင်မြင်မှုမရသဖြင့် လက်နက်ဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြောင်း၊ နောက်ဆုံးအဆင့်အဖြစ် တပ်မတော်ကိုဖြိုခွဲရန် ဦးတည် ကြိုးပမ်းလာခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ခံမှုမရှိသည့် လူမှုကွန်ရက်များကို အသုံးချ၍ သတင်းတု၊ သတင်းမှားများ ဖန်တီးထုတ်လွှင့်ခြင်းများ ပြုလုပ်လာကြောင်း၊ သို့ရာတွင်တပ်မတော် အနေဖြင့် ရေပက်မဝင်သည့် ကျစ်လစ်ခိုင်မာသော စည်းလုံးမှုဖြင့် ရပ်တည်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ အနေဖြင့်ရှိပြီးသော စိတ်ဓာတ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ရန် အထက်အောက် အပြန်အလှန်လေးစားမှု၊ အုပ်ချုပ်ရေးညီညွတ်မျှတမှုရှိရန် လိုအပ်ပြီး စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

အလားတူ အမိန့်နာခံတတ်မှုနှင့် စစ်သည်တော်တိုင်း ကျင့်ကြံလိုက်နာရမည့် ကျင့်ဝတ်အပါး ၆ဝတို့ကိုလည်း စောင့်ထိန်းလိုက်နာရန်လိုကြောင်း၊ တပ်မတော်သားများ နိုင်ငံ့တာဝန်ကို စိတ်လက်ချမ်းသာစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ပါရမီဖြည့်ဖက်များဖြစ်သည့်ဇနီး၊ ရဲမေများ၏ အခန်းကဏ္ဍသည်လည်းအရေးကြီးကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ဘဝလုံခြုံမှုရှိရေးအတွက် တပ်မှူးများသည် အမြဲတမ်းတွေးခေါ်ကြံဆ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေးများကို ပေးအပ်ထားသည့် အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်အတွင်းမှ စေတနာတရား ကိုယ်ချင်းစာတရားများဖြင့် အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လစာ၊ ရိက္ခာမှအစ တစ်ဦးချင်း၏ ရပိုင်ခွင့်များကို အချိန်မီနှင့် ပြည့်ဝစွာရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ့တာဝန်များကို စိတ်လက်ချမ်းသာစွာဖြင့် နောက်ဆံမတင်းဘဲ ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက်  ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမွန်နေရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်စေရန် နေထိုင်စားသောက်မှုပုံစံအား ကျန်းမာရေးနှင့် ညီညွတ်သည့် ဘဝနေထိုင်မှုပုံစံနှင့် နေထိုင်နိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် ၎င်းက ပြောကြားသည်။

 

Most Read

Most Recent