■ ဖေဖော်ဝါရီအတွက် စီးရီးအေအကောင်းဆုံးကစားသမားဆုကို ဗလာဟိုဗစ် ဆွတ်ခူး     

■ ဖေဖော်ဝါရီအတွက် စီးရီးအေအကောင်းဆုံးကစားသမားဆုကို ဗလာဟိုဗစ် ဆွတ်ခူး     
Photo: Twitter
Photo: Twitter
Published 5 March 2022

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်သည် ဖေဖော်ဝါရီအတွက် စီးရီးအေအကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

    

ဆားဘီးယားလက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်သည် အသက် ၂၂ နှစ်ပြည့်သည့် ဇန်နဝါရီ ၂၈ ရက်တွင် စီးရီးအေပြိုင်ဘက် ဖီအိုရင်တီးနားအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ (ကနဦး ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၊ adds-ons ကြေး ယူရို ၁၀ သန်း)၊ လေးနှစ်ခွဲစာချုပ်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး ပထမဆုံးလမှာပင် စီးရီးအေအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ 

ဗလာဟိုဗစ်သည် ဖေဖော်ဝါရီလအတွင်း ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ခြောက်ပွဲယှဉ်ပြိုင်ကစားရာ စီးရီးအေပြိုင်ပွဲ၌ သုံးဂိုးနှင့်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ တစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။ 

ထို့ကြောင့် ၎င်းအနေဖြင့် ဖေဖော်ဝါရီအတွက် အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းတွင် ပါဝင်သည့် ဂျူနီယာထရာအိုရေး (ဆာဆူအိုလို)၊ တာမက်ဇီ (ဗီရိုနာ)၊ ပါရေရို (ကာဂလီယာရီ) တို့ထက် မဲအများဆုံးရရှိပြီး မဲစုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ နီးပါးအထိ ရရှိခဲ့ခြင်းဖြစ်သည်။

    

စီးရီးအေ တစ်လတာအကောင်းဆုံး ကစားသမားဆုကို အီတလီဘောလုံးသမားများအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ဗလာဟိုဗစ်အနေဖြင့် ယင်းဆုကို ဒီဇင်ဘာတွင်လည်း ဖီအိုရင်တီးနားအသင်းနှင့်အတူ ရရှိထားသည်။ 

ပြီးခဲ့သည့်နှစ်အတွက် စီးရီးအေလူငယ်အကောင်းဆုံးဆုရရှိထားသူ ဗလာဟိုဗစ်သည် ပထမရာသီဝက်ကာလတွင် ဖီအိုရင်တီးနားအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၂၀ အထိ သွင်းယူပေးနိုင်ခဲ့သည်။

Most Read

Most Recent