■ စီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 5 March 2022

အူဒီးနီးစ် - ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၈:၃၀ နာရီ)

အူဒီးနီးစ်ရဲ့ အိမ်ကွင်းကစားအားက မဆိုးပါဘူး။ အိမ်ကွင်း နောက်ဆုံး (၈)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ ဆမ်ဒိုးရီးယားက အဝေးကွင်း အရမ်းအားနည်းပါတယ်။ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားမယ့် အိမ်ရှင် အူဒီးနီးစ်ဘက်က ရပ်တည်သင့်တယ်။



ရိုးမား - အတ္တလန်တာ (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၁၁:၃၀ နာရီ)

နှစ်သင်းစလုံးရဲ့ လက်ရှိအခြေအနေက မတည်ငြိမ်သလို၊ သိပ်ပြီး ယုံစားလို့လဲ မရပါဘူး။ ရလဒ်တွေ တောက်လျှောက် ဆိုးရွားနေရာကနေ ပြီးခဲ့တဲ့ ပွဲစဉ် (၂၇)မှာ (၂)သင်းစလုံး နိုင်ပွဲ ပြန်ရှာဖွေနိုင်ခဲ့ကြတယ်။ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲဖြစ်ပြီး စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာဖို့ရှိတယ်။ နှစ်သင်းပေါင်း သွင်းဂိုးများနိုင်ပြီး အနိုင်ဆိုရင်တော့ အိမ်ရှင် ရိုးမားကို ရွေးချယ်ချင်ပါတယ်။



ကာဂလီယာရီ - လာဇီယို (မြန်မာစံတော်ချိန် မတ်လ ၆ ရက် နံနက် ၂:၁၅ နာရီ)

ကာဂလီယာရီက ရလဒ်ပိုင်းတက်လာပြီး နောက်ဆုံး (၅)ပွဲဆက်လည်း  ရှုံးပွဲမရှိခဲ့သလို၊ တန်းဆင်းဇုန်ထဲကလည်း ရုန်းထွက်လာနိုင်ခဲ့တယ်။ လာဇီယိုကတော့ ရလဒ်ပိုင်းမဆိုးပေမဲ့ အဝေးကွင်းပွဲတွေဆို ခြေစွမ်းကျဆင်းသွားတတ်တယ်။ ဂိုးတွေလည်း အလွယ်တကူပေးရတတ်တယ်။ ကစားရမှာကလည်း ကာဂလီယာရီကွင်းဖြစ်လို့ လာဇီယို အမြင့်ဆုံး သရေလောက်ပဲ ရမယ်ထင်တယ်။

Most Read

Most Recent