■ မန်ယူအသင်းမှ ထုတ်ပယ်ခံရခြင်းအတွက် နည်းပြဟောင်း ဆိုးလ်ရှား ပေါင် (၇.၅) သန်းရရှိ

■ မန်ယူအသင်းမှ ထုတ်ပယ်ခံရခြင်းအတွက် နည်းပြဟောင်း ဆိုးလ်ရှား ပေါင် (၇.၅) သန်းရရှိ
Photo: Getty Images
Photo: Getty Images
Published 4 March 2022

မန်ယူအသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ဆိုးလ်ရှားအနေဖြင့် နစ်နာကြေး ပေါင် (၇.၅)သန်း ရရှိခဲ့ကြောင်း သိရသည်။

    

ဆိုးလ်ရှားသည် ယခုရာသီအစတွင် ရလဒ်ဆိုးများ ကြုံတွေ့ခဲ့သောကြောင့် နိုဝင်ဘာ ၂၁ ရက်တွင် ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ဆိုးလ်ရှားသည် ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် ထပ်မံချုပ်ဆိုခဲ့သည့် သက်တမ်းတိုးစာချုပ်အရ အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်သလို တစ်နှစ်ထပ်မံတိုး မြှင့်နိုင်သည့်အချက်လည်း ထည့်သွင်းချုပ်ဆိုထားသည်။ 

သို့သော် ရလဒ်ဆိုးများကြုံတွေ့ပြီး အမှတ်ပေးဇယား အဆင့် (၇) နေရာရောက် ရှိနေသဖြင့် နိုဝင်ဘာ (၂၁) ရက်တွင် နှစ်ဦး သဘောတူလမ်းခွဲခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်းအနေဖြင့် ၎င်းင်းအား ရာထူးမှထုတ်ပယ်ခြင်းအတွက် နစ်နာကြေး ပေါင် (၇.၅) သန်း (ယူရိုကိုးသန်း)ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်သော ဘဏ္ဍာရေးရှင်းတမ်း အရသိရသည်။ 

"ဒီသုံးလပတ်အတွက် ကုန်ကျစရိတ် ပေါင် ၁၀ သန်းရှိပါတယ်။ ဒီကုန်ကျစရိတ်တွေထဲမှာ ပထမအသင်းမန်နေဂျာဟောင်းနဲ့ နည်းပြအဖွဲ့ဝင်တွေကို ပေးအပ်ခဲ့ရတာလည်း ပါဝင်ပါတယ်"ဟု မန်ယူအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent