ရုရှား၏ကျူးကျော်စစ်နှင့်ပတ်သက်ပြီး နှုတ်ဆိတ်မနေကြရန် ရုရှားကစားသမားများကို ယူကရိန်းတိုက်စစ်ကစားသမား ယာမိုလန်ကို တိုက်တွန်း

ရုရှား၏ကျူးကျော်စစ်နှင့်ပတ်သက်ပြီး နှုတ်ဆိတ်မနေကြရန် ရုရှားကစားသမားများကို ယူကရိန်းတိုက်စစ်ကစားသမား ယာမိုလန်ကို တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 3 March 2022

ယူကရိန်းလက်ရွေးစင်တိုက်စစ်ကစားသမား ယာမိုလန်ကိုသည် ဂျူဘာ၊ မီရန်ချူ့ခ်၊ အာရှာဗင်တို့အပါအဝင် ရုရှားကစားသမားများကို Tag   တွဲကာ ယူကရိန်းနိုင်ငံအပေါ်  ရုရှား၏ကျူးကျော်စစ်နှင့်ပတ်သက်ပြီး နှုတ်ဆိတ်မနေကြရန် သူ၏ Instagram တွင် Live လွှင့်ပြီး တိုက်တွန်းခဲ့သည်။

ရုရှားသမ္မတ ပူတင်သည် ဖေဖော်ဝါရီ (၂၄) ရက်တွင် ယူကရိန်းကို စစ်ကြေညာပြီးနောက် ရုရှားစစ်တပ်များသည် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်။

ရုရှား၏ကျူးကျော်စစ်နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းတွင် ဆန့်ကျင်ကန့်ကွက်မှုများရှိနေပြီး ပရီးမီးယားလိဂ်တွင် ကစားနေသည့် ယူကရိန်းကစားသမားများမှာလည်း နိုင်ငံအတွက် စိတ်ပူလျက်ရှိနေကြသည်။

ဝက်စ်ဟမ်းအသင်းမှ ယူကရိန်းလက်ရွေးစင် ယာမိုလန်ကိုသည် ယူကရိန်းစစ်တပ်ကို ပေါင် (၇၅၀၀၀)လှူဒါန်းခဲ့သလို၊ ယခုအခါ ရုရှားကစားသမားများကို Tag  တွဲကာ သူ၏ Instagram မှတစ်ဆင့် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်မနေရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယာမိုလန်ကိုက ''ကျွန်တော် စိန့်ပီတာစဘတ်မှာမွေးပြီး ယူကရိန်းမှာ ကြီးပြင်းလာတာပါ။ ဒါပေမဲ့ ယူကရိန်းနိုင်ငံသားလို့ပဲ ကျွန်တော် ခံယူပါတယ်။ ရုရှားကစားသမားတွေကို မေးချင်တာက ဒီအရေးနဲ့ပတ်သက်လို့ ဘာမှမပြောနိုင်ရအောင် မင်းတို့ ခေါင်းတွေ ဘာဖြစ်သွားလဲဆိုတာပါပဲ။ မင်းတို့လူတွေက ငါတို့နိုင်ငံမှာ လူတွေသတ်နေတယ်။ ဒါပေမဲ့ မင်းတို့ ဘာမှမပြောကြဘူး။ ငါ့နိုင်ငံမှာ ဘာတွေ ဖြစ်နေလဲ မင်းတို့ပြောကြပါ။ မင်းတို့သမ္မတ မှားနေတဲ့အကြောင်း၊ ဒါတွေ မဖြစ်သင့်ကြောင်း မင်းတို့ ပြောကြပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent