FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း စပါးနှင့်အတူ တိုက်ပွဲဝင်မည်ဟု ကွန်တီ ပြောကြား

FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း စပါးနှင့်အတူ တိုက်ပွဲဝင်မည်ဟု ကွန်တီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 3 March 2022

စပါးအသင်းနည်းပြ ကွန်တီက မစ်ဒယ်ဘရော့အသင်းကို ရှုံးနိမ့်ပြီး FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း မိမိအနေဖြင့် အသင်းနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကွန်တီသည် ဘန်လေအသင်းကို ရှုံးနိမ့်ပြီးနောက်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု ပြောဆိုခဲ့သော်လည်း ယခုအခါ အသင်းကိုတိုးတက်အောင် စွမ်းဆောင်ပေးသွားမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။

ကွန်တီက ''အခုအချိန်မှာ ကျွန်တော်က နောက်ဆုံးလူပါ။ ကျွန်တော့်အကြောင်းကို ကျွန်တော် မတွေးနိုင်ပါဘူး။ အသင်းကစားသမားတွေနဲ့ စကားပြောတဲ့အခါမျိုးမှာတောင် ကျွန်တော့်အနေနဲ့ ငါလို့ မသုံးဘဲ ငါတို့လို့ပဲ သုံးလေ့ရှိပါတယ်။ စပါးအသင်းမှာ ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး။ ဖြစ်စေချင်တာပဲရှိတယ်။ အသင်းတိုးတက်အောင် ကျွန်တော်တို့အနေနဲ့ စိတ်ရှည်ရှည်နဲ့ ကြိုးပမ်းရမှာပါ။ အသင်းကို တည်ငြိမ်အောင် လုပ်ရမယ်။ ဒါက အဓိကလို့ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကွန်တီက မစ်ဒယ်ဘရော့အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် မိမိတို့အသင်းအနေဖြင့် အဆုံးသတ်ပိုင်းအားနည်းခဲ့ကြောင်းနှင့် ကစားသမားများအနေဖြင့် ခြေစွမ်းကို တစ်သမတ်တည်းထိန်းထားနိုင်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent