စီးရီးအေ၊ လာလီဂါနှင့် လိဂ်ချန်ပီယံရှစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေ၊ လာလီဂါနှင့် လိဂ်ချန်ပီယံရှစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: TM
Photo: TM
Published 28 February 2022

■ အတ္တလန်တာ နှင့် ဆမ်ဒိုးရီးယား

အတ္တလန်တာက စိတ်ပျက်စရာဖြစ်ပြီး စီးရီးအေနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ အဲဒီ (၅)ပွဲမှာ ဂိုးပေါက်ပျောက်တဲ့ပွဲက (၃)ပွဲရှိပြီး တိုက်စစ်ဂိုးသွင်းအား အရမ်းကျသွားတယ်။ မာလင်နော့ဗ်စကီး၊ မူရီယဲလ်တို့ ပုံမှန်ခြေစွမ်းအောက် ရောက်နေပြီး ကစားသမားသစ် ဘိုဂါကလည်း အခုချိန်ထိ ထူးထူးခြားခြား ဘာမှလုပ်မပြနိုင်သေးဘူး။ ဒီပွဲလည်း အနိုင်ရသင့်ပေမဲ့ သရေကျသွားရင်လည်း အံ့သြစရာမရှိပါဘူး။

■ ဂရန်နာဒါ နှင့် ကာဒစ်ဇ်

အစဉ်အလာတွေအရတော့ ဒီ (၂)သင်း သိပ်မကွာလှဘူး။ လက်ရှိဂရန်နာဒါကလည်း  ရှုံးပွဲတွေဆက်နေပြီး ခြေစွမ်းကျဆင်းနေသလိုတွေ့ရလို့ ရလဒ်ကောင်းတွေယူနေတဲ့ ကာဒစ်ဇ်အတွက် အမှတ်ရဖို့ မျှော်လင့်နိုင်တဲ့ပွဲမျိုးပါပဲ။ ဒါပေမဲ့ ဂရန်နာဒါ အိမ်ကွင်းမှာ ရုန်းလာနိုင်တာကိုတော့ သတိပြုရမယ်။ ဂိုးနည်းသရေပွဲပါ။

■ ဝက်စ်ဘရွန်း နှင့် ဆွမ်ဆီး

ဝက်စ်ဘရွန်းရဲ့ကျဆင်းမှုတွေက မရပ်တန့်သေးပါဘူး။ ခြေစွမ်းရော စိတ်ဓာတ်ပိုင်းမှာပါ အားနည်းချက်တွေများနေတယ်။ အဝေးကွင်းပေမဲ့ ဆွမ်ဆီးတို့ အနိမ့်ဆုံးသရေကစားပါလိမ့်မယ်။

Most Read

Most Recent