၂၀၂၁-၂၂ ရာသီဝက်ကာလအတွင်း ရိုးမားအသင်း၏ အရှုံးငွေ ယူရိုသန်း (၁၀၀)ကျော်ခဲ့ကာ ပြီးခဲ့သည့်ရာသီကထက် ပိုမိုများပြား

၂၀၂၁-၂၂ ရာသီဝက်ကာလအတွင်း ရိုးမားအသင်း၏ အရှုံးငွေ ယူရိုသန်း (၁၀၀)ကျော်ခဲ့ကာ ပြီးခဲ့သည့်ရာသီကထက် ပိုမိုများပြား
Photo: Getty Images
Photo: Getty Images
Published 28 February 2022

လက်ရှိ ၂၀၂၁-၂၂ ရာသီဝက် ကာလအတွင်း ရိုးမားအသင်း၏ အရှုံးငွေပမာဏသည် ယူရို (၁၁၃.၇)သန်း ရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီ ဝက်ကာလအတွင်း အရှုံးငွေပမာဏထက် ပိုမိုများပြားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ရိုးမားအသင်း၏ ရာသီဝက်အရှုံးငွေသည် ယူရို (၇၄.၈)သန်းသာရှိခဲ့ပြီး  လက်ရှိ ရာသီဝက်ကာလအရှုံးငွေနှင့် နှိုင်းယှဉ်ပါက ယူရိုသန်း (၄၀)နီးပါး လျော့နည်းနေသည်။

ရိုးမားအသင်းကို ပိုင်ဆိုင်ထားသည့် Friedkin မိသားစုသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက အသင်းထံ ကိုယ်ပိုင်ငွေကြေးထဲမှ ယူရို (၇.၅)သန်း ထပ်ထည့်ခဲ့သဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယူရို (၅၄၂.၃)သန်းရှိလာပြီ ဖြစ်သည်။

Friedkin မိသားစု၏ ရင်းနှီးမြှုပ်နှံငွေများသည် ကစားသမားခေါ်ယူမှု၊ ကစားသမားသက်တမ်းတိုးမှုနှင့်  နည်းပြ မော်ရင်ဟို၏ လစာငွေများအတွက် အဓိကကုန်ကျနေကြောင်း သိရသည်။

ထို့ပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှ ရိုးမားအသင်း ထွက်ခွာခဲ့ရသဖြင့် လက်ရှိရာသီကုန် ဝင်ငွေရရှိမှုမှာလည်း လျော့နည်းဖွယ်ရှိနေသည်။

လက်ရှိရာသီတွင် ရိုးမားအသင်းသည် ရလဒ်မတည်ငြိမ်မှုများဖြင့် ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် မသေချာသည့် အနေအထားနှင့် ရင်ဆိုင်နေရသည်။

လက်ရှိဘဏ္ဍာရေးအခြေအနေကြောင့် လာမည့်ရာသီအတွက် ကစားသမားသစ် ခေါ်ယူလိုသည့် မော်ရင်ဟို၏ဆန္ဒမှာလည်း အခက်တွေ့ဖွယ်ရှိနေသည်။

Most Read

Most Recent