လော်တာရိုမာတီနက်ဇ်အတွက် အင်တာမီလန် ပြောင်းရွှေ့ကြေး သတ်မှတ်

လော်တာရိုမာတီနက်ဇ်အတွက် အင်တာမီလန် ပြောင်းရွှေ့ကြေး သတ်မှတ်
Photo: Getty Images
Photo: Getty Images
Published 24 February 2022

    အင်တာမီလန်အသင်းသည် ဥရောပထိပ်သီးအသင်းများ စိတ်ဝင်စားနေသည့် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးသတ်မှတ်ခဲ့သည်။

အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်ကို ၂၀၁၈ ခုနှစ်အတွင်း ရေးဆင်းအသင်းမှ ယူရို (၂၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။

ယခုအခါ လီဗာပူးလ်၊ ဒေါ့မွန်နှင့် အက်သလက်တီကိုအသင်းများမှ စိတ်ဝင်စားနေသည့် လော်တာရိုမာတီနက်ဇ်ကို အင်တာမီလန်အသင်းက ပြောင်းရွှေ့ကြေးအနည်းဆုံး ယူရိုသန်း (၉၀)ရရှိလျှင် ရောင်းချသွားဖွယ်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent