ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနသို့ လာရောက်ပြသမှုကို ဖေဖော်ဝါရီ ၁ရက်မှစ၍ Online Booking စနစ်ဖြင့် စမ်းသပ်ဆောင်ရွက်မည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနသို့ လာရောက်ပြသမှုကို ဖေဖော်ဝါရီ ၁ရက်မှစ၍ Online Booking စနစ်ဖြင့် စမ်းသပ်ဆောင်ရွက်မည်
Published 19 January 2022

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနသို့ လာရောက်ပြသမှုကို ဖေဖော်ဝါရီ၁ရက်မှစ၍ Online Booking စနစ်ဖြင့် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် လူနာများ နံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း ၊ ပြသရန်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းကြောင့်လည်းကောင်း ၊ လူစုလူဝေးကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရန်အတွက်လည်းကောင်း ဖေဖော်ဝါရီ ၁ ရက်မှစတင်၍  Online Booking စနစ် စတင် စမ်းသပ်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးကုပြင်ပလူနာဌာနများ၏အချိန် စာရင်းမှာ တနင်္လာနေ့မှ သောကြာနေ့ အထိ မနက် ၉နာရီမှ ၁၂ နာရီတစ်ချိန်နှင့် မွန်းလွဲ ၁နာရီမှ ၃ နာရီအထိတစ်ချိန် ပြသနိုင်ကြောင်း သိရသည်။

အဆိုပါ Online Booking စနစ်နှင့်ပတ်သက်ပြီး Viber(သို့မဟုတ်) Messager(သို့မဟုတ်) caremebot application မှတဆင့် Booking ပြုလုပ်ရမည်ဖြစ်ပြီး Booking ပြုလုပ်ရမည့်နည်းများကို Yangon General Hospital ဖေ့ဘွတ်ခ်စာမျက်နှာတွွင် ဓာတ်ပုံများဖြင့် အသေးစိတ်ဖော်ပြထုတ်ပြန်ထားသည်။