ရန်ကုန်ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်နယ်စပ်မှ ဇန်နဝါရီ ၁၇ ရက်က COVID-19 ကုသရေးဆိုင်ရာပစ္စည်းများ တင်သွင်းရာတွင် လုပ်ငန်းသုံးအောက်ဆီဂျင်စက် တစ်ခု၊ ဆေးဝါးမျိုးစုံ ၂၅ မျိုး ၅၂၅၇၀ ဒသမ ၇၉ ကီလိုဂရမ် ပါဝင်

ရန်ကုန်ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်နယ်စပ်မှ ဇန်နဝါရီ ၁၇ ရက်က COVID-19 ကုသရေးဆိုင်ရာပစ္စည်းများ တင်သွင်းရာတွင် လုပ်ငန်းသုံးအောက်ဆီဂျင်စက် တစ်ခု၊ ဆေးဝါးမျိုးစုံ ၂၅ မျိုး ၅၂၅၇၀ ဒသမ ၇၉ ကီလိုဂရမ် ပါဝင်
Published 18 January 2022
နီလာ

ရန်ကုန်ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်နယ်စပ်မှ  ဇန်နဝါရီ ၁၇ ရက်က COVID-19 ရောဂါကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့ရာ၌ လုပ်ငန်းသုံး အောက်ဆီဂျင်စက်တစ်ခု၊ ဆေးဝါးမျိုးစုံ ၂၅ မျိုး ၅၂၅၇၀ ဒသမ ၇၉ ကီလိုဂရမ်ပါဝင်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်က  ရန်ကုန်ဆိပ်ကမ်းများမှ လုပ်ငန်းသုံး အောက်ဆီဂျင်စက်တစ်ခု၊ ဆေးဝါးမျိုးစုံ ၂၅ မျိုး ၅၂၅၇၀ ဒသမ ၇၉ ကီလိုဂရမ်၊ ချင်းရွှေဟော်နယ်စပ်မှ ကုမ္ပဏီနှစ်ခုမှ Disposable Syringe ၁၇၈၀၀၊ Disposable Needle ၁၇၀၀၀၊ Paracetamol Tablet ၇၆၂၀၊ Vitamin C Tablet ၃၇၉၄၀၊ Pai B6 Tablet ၉၂၀၀၊ Pai Mico Cream ၁၅၀၀၀၊ Glucose Injection ၄၀၅၆ ခု၊ Pai Gelusi Chewable Tablets ၃၅၄၀၊ Crimetidine Injection ၂၅၆၀၊ Pai Diclo Injection ၂၁၆၀၊ Medical Mask ၄၈၃၀ ကီလိုဂရမ်တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် www.commerce.gov.mm ၌ ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Oxygen Concentrator များ တင်သွင်းမှုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကင်းလွတ်ခွင့်ဖြင့် လျင်မြန်စွာ တင်သွင်းခွင့်ပြုပေးလျက်ရှိသည်။

Most Read

Most Recent