သုံးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၁၃၇၁ ဒသမ ၂၁ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံးဖြစ်

သုံးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၁၃၇၁ ဒသမ ၂၁ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံးဖြစ်
Published 12 January 2022

၂၀၂၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာအထိ သုံးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၁၃၇၁ ဒသမ ၂၁ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံးထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ရွှေသတ္တု ၃၆၀ ဒသမ ၃၇ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၃၀၃ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၇၀၇ ဒသမ ၄၂၀ ထရိုင်အောင်စ ဖြင့် စုစုပေါင်း ၁၃၇၁ ဒသမ ၂၁ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

အဆိုပါသုံးလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ၇၁ ဒသမ ၈၃ ထရိုင်အောင်စ၊ မန္တလေးတိုင်းဒေသကြီးမှ ၉၀၈ ဒသမ ၆၉ ထရိုင်အောင်စ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ၁၆၉ ဒသမ ၁၀ ထရိုင်အောင်စ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ၂၂၁ ဒသမ ၅၉ ထရိုင်အောင်စဖြင့် စုစုပေါင်း ၁၃၇၁ ဒသမ ၂၁ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်နှင့် စမ်းသပ်ဖြစ်မြောက်သတ္တုလုပ်ကွက် စုစုပေါင်း ၁၁၆၉ ခု ခွင့်ပြုထားပြီး မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကြီးစားလုပ်ကွက် ခွင့်ပြုမိန့်ထုတ်ပေးထားမှုအနေဖြင့် ကချင်ပြည်နယ်တွင် သုံးကွက်၊ ကယားပြည်နယ်တွင် တစ်ကွက်၊ ကရင်ပြည်နယ်တွင် ငါးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၈ ကွက်၊ နေပြည်တော်၌ သုံးကွက်၊ မကွေးတိုင်းဒေသကြီး၌ သုံးကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၃၉ ကွက်၊ မွန်ပြည်နယ်၌ ငါးကွက်၊ ရခိုင်ပြည်နယ်၌ တစ်ကွက်၊ ရှမ်း (တောင်) ၌ ၁၆ ကွက်၊ ရှမ်း (မြောက်) ၌ ၁၉ ကွက်၊ ရှမ်း (အရှေ့) ၌ နှစ်ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ကွက်ဖြင့် စုစုပေါင်း ၁၄၁ ကွက်ဖြစ်သည်။

အလတ်စားလုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ရှစ်ကွက်၊ ကယားပြည်နယ်တွင် ငါးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ တစ်ကွက်၊ မကွေးတိုင်းဒေသကြီး၌ ခြောက်ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၀၇ ကွက်၊ ရှမ်း (တောင်)၌ ၂၄ ကွက်၊ ရှမ်း (မြောက်) ၌ ၁၀ ကွက်၊ ရှမ်း (အရှေ့) ၌ ၂၇ ကွက်ဖြင့် စုစုပေါင်း ၂၃၇ ကွက်ဖြစ်သည်။

အသေးစားလုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ၆၇ ကွက်၊ ကယားပြည်နယ်တွင် ၁၀ ကွက်၊ ကရင်ပြည်နယ်၌ ၃၄ ကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁၁ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၅ ကွက်၊ ပဲခူး တိုင်းဒေသကြီး၌ ငါးကွက်၊ မကွေးတိုင်းဒေသကြီး၌ ၃၃ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၂၉  ကွက်၊ မွန်ပြည်နယ်၌ ကိုးကွက်၊ ရှမ်း (တောင်) ၌ ၆၉ ကွက်၊ ရှမ်း (မြောက်) ၌ ၄၉ ကွက်၊ ရှမ်း (အရှေ့) ၌ ၄၀ ကွက်၊ ဧရာဝတီတိုင်းဒေသကြီး၌ တစ်ကွက်ဖြင့် စုစုပေါင်း ၅၉၂ ကွက်ဖြစ်သည်။

စမ်းသပ်လုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ၂၅ ကွက်၊ ကရင်ပြည်နယ်တွင် နှစ်ကွက်၊ ချင်းပြည်နယ်တွင် သုံးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီး၌ ၁၇ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ တစ်ကွက်၊ မကွေးတိုင်းဒေသကြီး၌ ခုနစ်ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၂၉ ကွက်၊  မွန်ပြည်နယ်၌ တစ်ကွက်၊ ရှမ်း (တောင်) ၌ ၁၀ ကွက်၊ ရှမ်း (မြောက်) ၌ ခုနစ်ကွက်၊ ရှမ်း (အရှေ့) ၌ ငါးကွက်ဖြင့် စုစုပေါင်း ၁၂၁ ကွက်ဖြစ်သည်။

Most Read

Most Recent