ဗလာဟိုဗစ်ကို ခေါ်ယူရန်အာဆင်နယ်အသင်း အခြေအနေကောင်းနေကြောင်း ဥရောပမီဒီယာများဖော်ပြ

ဗလာဟိုဗစ်ကို ခေါ်ယူရန်အာဆင်နယ်အသင်း အခြေအနေကောင်းနေကြောင်း ဥရောပမီဒီယာများဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 9 January 2022

 

အာဆင်နယ်အသင်းသည် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ရန် အခြေအနေကောင်းနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

အာဆင်နယ် အသင်းသည် အသင်းတိုက်စစ်ပိုင်းတွင် အနာဂတ်မရေမရာဖြစ်နေသည့် အူဘာမီယန်း၊ ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အန်ကယ်တီယာတို့ကြောင့် ယခုဇန်နဝါ ရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး သစ်ခေါ်ယူရန် စီစဉ်လျက်ရှိသည်။ 

အာဆင်နယ်အသင်းသည် ဖီအိုရင်တီးနားအသင်းတွင် ခြေစွမ်းပြနေသည့် ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်(၂၁ နှစ်)ကို စပါး၊ ဂျူဗင်တပ်စ်၊ မန်ယူတို့နှင့်အပြိုင် စိတ်ဝင်စားနေပြီး ယခု အခါ လက်ဦးမှုရယူနိုင်ဖွယ်ရှိနေကြောင်း သိ ရသည်။ 

အာဆင်နယ်အသင်းသည် ဗလာဟိုဗစ်ကို ပေါင် ၄၆ သန်းအပြင် ကွင်းလယ်လူ တော်ရဲရားကိုပါ အလိုက်ပေးကမ်းလှမ်းထားကြောင်း မီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent