မန်ယူအသင်းသည် နည်းပြများအတွက် သတ်ကွင်းဟု ဗြိတိန်မီဒီယာများ ဖော်ပြ

မန်ယူအသင်းသည် နည်းပြများအတွက် သတ်ကွင်းဟု ဗြိတိန်မီဒီယာများ ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 9 January 2022

 

ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး အဝတ်လဲခန်းအတွင်း ပြိုကွဲမှုများရှိနေသည်ဟု သတင်းများထွက်နေသည့် မန်ယူအသင်းမှာ နည်းပြများအတွက် သတ်ကွင်းဖြစ်သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

၂၀၁၃ ခုနှစ်တွင် ဂန္ထဝင်နည်းပြ ဖာဂူဆန် ထွက်ခွာပြီးနောက် မန်ယူအသင်းသည် (၈)နှစ်ကျော်ကာလအတွင်း လက်ရှိနည်းပြ ရန်းနစ်အပါအဝင် နည်းပြ ပေါင်း (၅)ဦးအထိ ခန့်အပ်ခဲ့ပြီး ယင်းထဲတွင် ဗန်ဟားလ်၊ မော်ရင်ဟိုတို့ကဲ့သို့ နာမည်ကျော်နည်းပြများလည်း ပါဝင်ခဲ့သည်။ 

သို့သော် မန်ယူအသင်းမှာ အသင်းဂန္ထဝင်နည်းပြ ဖာဂူဆန် ထွက်ခွာသွားပြီးကတည်းက ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲနိုင်ခြင်း မရှိသေးသလို၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ပင် ရုန်းကန်ရခဲ့သည့်ရာသီများလည်း ရှိခဲ့သည်။

 

လက်ရှိ အသင်းယာယီနည်းပြ ရန်းနစ်လက်ထက်တွင်လည်း အသင်းတွင် ပြိုကွဲမှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အသင်းကစားသမားများမှာ ရန်းနစ်၏ နည်းစနစ်များကို ကြိုက်နှစ်သက်ခြင်းမရှိကြောင်း မီဒီယာများက ဖော်ပြနေကြသည်။ 

ယင်းအချက်များ့ကြောင့် မန်ယူအသင်းမှာ နည်းပြများအတွက် သတ်ကွင်းဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြခြင်းဖြစ်သည်။ 

Most Read

Most Recent