ဇန်နဝါရီတွင် ကစားသမားခေါ်ယူလိုပါက ခေါ်ယူနိုင်သည်ဟု မိမိကို ဘုတ်အဖွဲ့ခွင့်ပြုထားကြောင်း ရန်းနစ်ပြောကြား

ဇန်နဝါရီတွင် ကစားသမားခေါ်ယူလိုပါက ခေါ်ယူနိုင်သည်ဟု မိမိကို ဘုတ်အဖွဲ့ခွင့်ပြုထားကြောင်း ရန်းနစ်ပြောကြား
Photo: United Zone
Photo: United Zone
Published 7 January 2022

မန်ယူအသင်း၏ နည်းပြဖြစ်သူ ရန်းနစ်က မန်ယူအသင်းဘုတ်အဖွဲ့သည် လာမည့်ဇန်နဝါရီကာလတွင် မိမိအနေဖြင့် ကစားသမားသစ် ခေါ်ယူလိုပါက ခေါ်ယူခွင့်ပေးထားသည်ဟု အတည်ပြုပြောကြားခဲ့သည်။

The Times သတင်းစာက ရန်းနစ်သည် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ကစားသမားသစ် ခေါ်ယူခြင်း ပြု၊ မပြုမှာ ရန်းနစ်၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေသည့် အခြေအနေလည်းဖြစ်သည်။

ရန်းနစ်သည် လက်ရှိအချိန်တွင် ဘွန်ဒစ်လီဂါစျေးကွက်မှ ကစားသမားအတော်များများကို မျက်စိကျနေပြီး လက်ရှိ ခေါ်ယူလိုနေသည့် ကစားသမားမှာ  လိုက်ပ်ဇစ်အသင်း၏ ကွင်းလယ်လူ ဟိုင်ဒါရာဖြစ်သည်။

ဟိုင်ဒါရာအား ခေါ်ယူရန်အတွက် ရန်းနစ်သည် ဒီဇင်ဘာလအတွင်းက သူ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကာ ပေါင် (၃၃)သန်းခန့်အသုံးပြုဖွယ်ရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent