ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်မလျှော့သေးကြောင်း အာနိုးလ် ပြောကြား

ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်မလျှော့သေးကြောင်း အာနိုးလ် ပြောကြား
Photo: Liverpool FC
Photo: Liverpool FC
Published 6 January 2022

လီဗာပူးလ်နောက်ခံလူ အာနိုးလ်က မန်စီးတီးအသင်းနှင့် အမှတ်ကွာဟမှု ကြီးမားနေသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်မလျှော့သေးကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သဖြင့် အမှတ်ပေးဇယားရပ်တည်မှုတွင် ထိပ်ဆုံးမှ မန်စီးတီးအသင်း(၅၃ မှတ်)နှင့် (၁၁)မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သည်။

သို့ သော် အာနိုးလ်က မန်စီးတီးအသင်းကို လိုက်မီရန် ခက်ခဲမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် မန်စီးတီးအသင်း အမှတ်လျော့ချိန်တွင် အခွင့်အရေးယူနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent