■ အူဘာမီယန်းကို ဘာစီလိုနာကစားသမားတစ်ဦးဦးနှင့် အလဲအထပ်လုပ်ရန် အာဆင်နယ်အသင်း ဆန္ဒရှိ     

■ အူဘာမီယန်းကို ဘာစီလိုနာကစားသမားတစ်ဦးဦးနှင့် အလဲအထပ်လုပ်ရန် အာဆင်နယ်အသင်း ဆန္ဒရှိ     
Photo: Getty Images
Photo: Getty Images
Published 24 December 2021

အာဆင်နယ်အသင်းသည် တိုက်စစ်မှူး အူဘာမီယန်းကို ဘာစီလိုနာအသင်းမှ ကစားသမားတစ်ဦးဦးနှင့် အလဲအထပ်ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် အပြောင်းအရွှေ့သတင်းများ ပိုမိုထွက်ပေါ်လာသည့် အူဘာမီယန်းကို ဘာစီလိုနာအသင်းက အငှားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

သို့သော် အာဆင်နယ်အသင်းက အူဘာမီယန်းကို အငှားချလိုခြင်းမရှိဘဲ ဘာစီလိုနာကစားသမားတစ်ဦးဦးနှင့် အလဲအထပ်ဖြင့် အပြောင်းအရွှေ့ပြုလုပ်ရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ဘာစီလိုနာအသင်းတွင် ပုံမှန်နေရာမရသည့် ကော်တင်ဟို သို့မဟုတ် ဒမ်ဘီလီတို့ထဲမှ တစ်ဦးဦးနှင့် အူဘာမီယန်းကို အလဲအထပ်ပြုလုပ်သွားဖွယ်ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အူဘာမီယန်းသည် အသင်းခေါင်းဆောင်ရာထူးမှဖယ်ရှားခံရပြီးနောက် အာဆင်နယ်အသင်းတွင် တစ်ပွဲမျှ ပါဝင်ကစားရခြင်းမရှိသေးကြောင်း သိရသည်။ 

Most Read

Most Recent