မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပြီး နောက် အင်္ဂလန်ဘောလုံးလောက၌ စံချိန်သစ်တစ်ခု ထပ်မံရရှိခဲ့သောကြောင့် ဝမ်းမြောက်နေကြောင်း သိရသည်။
ယင်းပွဲ မှာ မန်စီးတီးအသင်းအတွက် ၂၀၂၁ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း (၃၄)ပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ပြီး မည်သည့်အသင်းမျှ မရယူနိုင်ခဲ့ဖူးသည့်အရေအတွက်ဖြစ်သည်။
ထို့ကြောင့် ဂွါဒီယိုလာက "စံချိန်သစ်တစ်ခု ရရှိခဲ့ပြန်ပါပြီ။ ဒီအတွက် ပျော်ရွှင်သလို၊ ဒီအသင်းအတွက်လည်း ဂုဏ်ယူပါတယ်"ဟု ပြောကြားခဲ့သည်။















