■ လာကာဇက် အသင်းခေါင်းဆောင်ဖြစ်လာလိမ့်မည်ဟု အာဆင်နယ်နည်းပြ အာတီတာ အတည်ပြု

■ လာကာဇက် အသင်းခေါင်းဆောင်ဖြစ်လာလိမ့်မည်ဟု အာဆင်နယ်နည်းပြ အာတီတာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 17 December 2021

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာတီတာက အသင်း၏ ၀ါရင့်ပြင်သစ်တိုက်စစ်မှူး လာကာဇက်သည် အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

    

အာဆင်နယ်အသင်းသည် လက်ရှိအသင်းခေါင်းဆောင်ဖြစ်သူ အူဘာမီယန်းအား စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများကြောင့် အသင်းခေါင်းဆောင်လက်ပတ် ပြန်လည်ရုပ်သိမ်းခဲ့သည်။

အာတီတာကလည်း ဝက်စ်ဟမ်းအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် အနာဂတ်အသင်းခေါင်းဆောင်အဖြစ် လာကာဇက်ကို လွှဲအပ်ပေးမည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

    

လာကာဇက်သည် ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်တွင်လည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားသွား ခဲ့ပြီး ယင်းပွဲအပြီး လာကာဇက်၏ ခေါင်းဆောင်မှုစွမ်းရည်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ အာတီတာက "ဒါက သူ့ရဲ့ ပင်ကိုသဘာဝပဲ။ လာကာဇက်ဟာ မွေးရာပါ ခေါင်းဆောင်စရိုက်လက္ခဏာရှိသူဖြစ်ပါတယ်။ သူက တစ်ကိုယ်ကောင်းဆန်တဲ့စိတ် မရှိဘူး။ သူ့ကြောင့် အသင်းပိုကောင်းလာမယ်ဆိုရင် ပျော်ရွှင်တတ်ပြီး ပေးဆပ်ကစားလိုစိတ်ရှိတဲ့ ကစားသမားဖြစ်ပါတယ်။ သူက အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာပါလိမ့်မယ်။ ဒီတာဝန်ကို ဂုဏ်ယူစွာ လက်ခံဖို့လည်း သူ အဆင်သင့်ရှိပါတယ်။ ကျွန်တော်လည်း သူ့လိုကစားသမားမျိုး ရှိနေတဲ့အတွက် တကယ်ဂုဏ်ယူပါတယ်"ဟု ပြောကြားခဲ့သည်။

လာကာဇက်သည် အာဆင်နယ်အသင်းထံသို့ မပြောင်းရွှေ့မီက အသင်းဟောင်း လိုင်ယွန်အသင်းတွင် အ သင်းခေါင်းဆောင်တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ 

Most Read

Most Recent