■ စီရော်နယ်လ်ဒို၏ တစ်နှစ်အတွင်း စီးရီးအေသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီရန် ဗလာဟိုဗစ် နီးစပ်လာ

■ စီရော်နယ်လ်ဒို၏ တစ်နှစ်အတွင်း စီးရီးအေသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီရန် ဗလာဟိုဗစ် နီးစပ်လာ
Published 14 December 2021

ဖီအိုရင်တီးနားအသင်းမှ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗလာဟိုဗစ်သည် စီရော်နယ်လ်ဒို တင် ရှိထားသော တစ်နှစ်အတွင်း စီးရီးအေ သွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီရန် နီးစပ်လာကြောင်း သိရသည်။

ဗလာဟိုဗစ်(၂၁ နှစ်)သည် ဆလာနီတာနာအသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း လိဂ်သွင်းဂိုးပေါင်း (၃၁)ဂိုးအထိ ရှိလာခြင်းဖြစ်သည်။

၎င်းအနေဖြင့်  ဖီအိုရင်တီးနားတိုက်စစ်မှူးဟောင်း လူကာတိုနီ ၂၀၁၅ ခုနှစ်အတွင်း သွင်းယူခဲ့သည့် ဂိုးအရေအတွက်ကို လိုက်မီခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ဂျူဗင်တပ်စ်အသင်းအတွက် စီရော်နယ်လ်ဒို သွင်းယူပေးခဲ့သည့် (၃၃)ဂိုးစံချိန်ကို လိုက်မီရန် (၂)ဂိုးသာ လိုအပ်တော့သည်။

လာမည့်လတွင် အသက်(၂၂)နှစ်ပြည့်တော့မည့် ဗလာဟိုဗစ်သည် နောက်ဆုံးကစားထားသည့် စီးရီးအေပွဲစဉ်(၅)ပွဲတွင် (၆)ဂိုးအထိ သွင်းယူထားခဲ့ပြီး ယခုရာသီတွင် လိဂ်သွင်းဂိုးအရေအတွက်မှာ (၁၅)ဂိုးအထိရှိလာကာ ပြိုင်ဘက် ဆလာနီတာနာအသင်း တစ်သင်းလုံး သွင်းယူထားသည့် ဂိုးအရေအတွက်(၁၁ ဂိုး)ထက်ပင် ပိုများနေလျက်ရှိသည်။

ထို့ပြင် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဗလာဟိုဗစ်သည် ဖီအိုရင်တီးနားအသင်းသမိုင်းတွင် အယ်တာဖီနီ၊ အန်ဂျယ်လီလို (၁၉၅၈-၅၉)ပြီးနောက် စီးရီးအေပွဲစဉ်(၁၇)အပြီးတွင် အနည်းဆုံး(၁၅)ဂိုး သွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

Most Read

Most Recent