◘ နောဝစ်ချ် - အက်စတွန်ဗီလာ(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂း၁၅ နာရီ)
နောဝစ်ချ်က ဒင်းန်စမစ်လက်ထက်မှာ တိုးတက်မှုအနည်းငယ်ပြပေမဲ့ ရလဒ်တွေက ထင်သလောက်မကောင်းသေးပါဘူး။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ မန်ယူအသင်းနဲ့ပွဲမှာတော့ တော်တော်လေးအားကောင်းခဲ့တာ တွေ့ရတယ်။ အက်စတွန်ဗီလာကတော့ ဂျရတ်လက်ထက် (၅)ပွဲမှာ (၃)ပွဲနိုင်ပြီး ဒီပွဲလည်း နိုင်ပွဲ ပြန်ရှာဖို့ ကြိုးစားပါလိမ့်မယ်။

◘ မန်စီးတီး - လိဒ်စ်(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂း၃၀ နာရီ)
မန်စီးတီးက တောက်လျှောက်နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းဖြစ်တယ်။ လိဒ်စ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးကို သရေကျလုနီးပါး ကစားခဲ့တယ်။ အသင်းရဲ့အဓိကကစားသမားတချို့ ဒဏ်ရာပြဿနာရှိနေပေမဲ့ လိဒ်စ်အသင်းကစားပုံက နောက်ပိုင်းပွဲတွေမှာ ပြန်ကောင်းလာပြီး ဘမ်းဖို့ဒ်လည်း ပြန်ပါလာပြီဖြစ်လို့ တိုက်စစ်က အားကောင်းနိုင်ပါတယ်။ မနှစ်ကလည်း လိဒ်စ်က မန်စီးတီးအသင်းကို နှစ်ကျော့စလုံး ဒုက္ခပေးခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးလိုအသင်းမျိုးကို ရင်ဆိုင်တဲ့အခါ ကွင်းထဲမှာ တစ်ချက်မှားတာနဲ့၊ ခြေမတွေ့တာနဲ့ ဒဏ်ခတ်ခံရတာဖြစ်ပြီး အမှားမခံဘူး။ ဒီလိုရလဒ်မျိုးတွေ အမြဲတမ်းမျှော်လင့်နိုင်ဖို့လည်း မလွယ်ဘူး။ လက်ရှိမန်စီးတီးကလည်း အကောင်းဆုံးပုံစံရနေလို့ မန်စီးတီးပဲနိုင်မယ်။ (၂-၀၊ ၃-၁)လောက်ဖြစ်မယ်။















