၂၀၀၃-၀၄ နောက်ပိုင်း ရာသီအစ အကောင်းဆုံးမှတ်တမ်းကို အေစီမီလန် ပိုင်ဆိုင်

၂၀၀၃-၀၄ နောက်ပိုင်း ရာသီအစ အကောင်းဆုံးမှတ်တမ်းကို အေစီမီလန် ပိုင်ဆိုင်
Photo: AC Milan Twitter
Photo: AC Milan Twitter
Published 6 December 2021

အေစီမီလန်အသင်းသည် ဆလာနီတာနာအသင်းကို အနိုင်ရရှိပြီးနောက် စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူနေရာ ပိိုင်ဆိုင်ခဲ့သလို၊ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ရာသီအစ အကောင်းဆုံးမှတ်တမ်းကိုလည်း ရရှိခဲ့သည်။

လက်ရှိရာသီ ပွဲစဉ် (၁၆)ပြီးဆုံးချိန်တွင် အေစီမီလန်အသင်းသည် ရမှတ် (၃၈)မှတ် ရရှိထားပြီး အဆိုပါမှတ်တမ်းမှာ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ရာသီအစအကောင်းဆုံးမှတ်တမ်း ဖြစ်ခဲ့သည်။

ထို့ပြင် အေစီမီလန်အသင်းသည် စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူနေရာနှင့် (၁၀)နှစ်ကြာ ဝေးကွာနေရာမှ ပြန်လည်ပိုင်ဆိုင်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

အေစီမီလန်အသင်းနည်းပြ ပီအိုလီက '' ကျွန်တော့်အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ ဂိုးတွေပိုသွင်းနိုင်သင့်တာသိပေမဲ့ အခွင့်အရေးများစွာ ဖန်တီးပြနိုင်တာပဲ။ ကျွန်တော်တို့ရဲ့ ရင့်ကျက်တည်ငြိမ်မှုကို သက်သေပြနေသလိုပါပဲ'' ဟုဆိုခဲ့သည်။

Most Read

Most Recent