ဗာရွန်ဒါဝမ်၏ Bhediya ရုပ်ရှင်ဇာတ်ကား စတင်ရုံတင်ပြီ

ဗာရွန်ဒါဝမ်၏ Bhediya ရုပ်ရှင်ဇာတ်ကား စတင်ရုံတင်ပြီ
Published 25 November 2021

ဘောလိဝုဒ်မင်းသား ဗာရွန်ဒါဝမ်က ၎င်းပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားသစ် Bhediya အတွက်ပိုစတာကို နိုဝင်ဘာ ၂၄ ရက်က အင်စတာဂရမ်တွင် တင်လိုက်သည်။ ထို့ပြင်ဗာရွန်က ၎င်း၏အင်စ တာဂရမ်နာမည်ကိုပါ Bhediya ဟု ပြောင်းထားသည်။

အဆိုပါဇာတ်ကားကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်ရုံတင်ပြသပြီဖြစ်ကာ ခေါင်းဆောင်မင်းသမီးက ခရစ်တီဆနွန်ဖြစ်သည်။

ဇာတ်ကားထဲတွင် ဟောလိဝုဒ်စတူဒီယို Mr.X မှ visual effect များ ထည့်သွင်းထားပြီး ပိုစတာမှာပင် ဗာရွန်ကိုဝံပုလွေတစ်ကောင်၏ အကြည့်မျိုးဖြင့် ပုံဖော်ထားသည်။ ဒါရိုက်တာအမာကောရှစ်၏ လက်ရာလည်း ဖြစ်သည်။

ဗာရွန်ဒါဝမ် နောက်ဆုံးထွက်ထားသည့် ရုပ်ရှင်က ဆာရာအလီခန်နှင့် တွဲရိုက်သည့် Coolie No.1 ဖြစ်ပြီး ကီယာရာအဗာနီနှင့်လည်း Jug Jugg Jeeyo အမည်ရှိဇာတ်ကားသစ်တစ်ကား ရိုက်ကူးထားသည်။

Most Read

Most Recent