တရုတ်-အာဆီယံအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်ရရန် တရုတ်က ကြိုးစားခဲ့သော်လည်း အာဆီယံနိုင်ငံအချို့က ကန့်ကွက်

တရုတ်-အာဆီယံအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်ရရန် တရုတ်က ကြိုးစားခဲ့သော်လည်း အာဆီယံနိုင်ငံအချို့က ကန့်ကွက်
Published 18 November 2021
Ref:Reuters

တရုတ်-အာဆီယံအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်ရရန် တရုတ်က ကြိုးစားခဲ့သော်လည်း အာဆီယံနိုင်ငံအချို့က ကန့်ကွက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြထား သည်။ 

လာမည့်သီတင်းပတ်တွင် တရုတ်သမ္မတက လက်ခံကျင်းပမည့် ဒေသဆိုင်ရာထိပ်သီးအစည်းအဝေး သို့ ့မြန်မာတပ်မတော်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးရန် တရုတ်သံတမန်က အာဆီယံနိုင်ငံများအား စည်းရုံးပြောဆိုခဲ့သော်လည်း ယင်းသံတမန်၏စည်းရုံးပြောဆိုမှုမှာ ပြင်းထန်သောကန့်ကွက်မှုနှင့် ရင်ဆိုင် ခဲ့ရသည်ဟု နိုဝင်ဘာ ၁၈ ရက်တွင် သံတမန်သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားသည်ဟု ရိုက်တာတွင် ဖော်ပြထားသည်။

တပ်မတော်ကရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ၏ ရပ်တည်မှုမှာ အာရုံစိုက်စရာဖြစ်လာသည်။

မြန်မာနိုင်ငံတွင် အကျပ်အတည်းပြန်ဖြစ်လာခြင်း၊ ဒီမိုကရေစီစနစ် ဖိနှိပ်ခံရခြင်းတို့ကို တုန်လှုပ် ချောက်ချားနေသော အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် မြန်မာတပ်မတော်ဗိုလ်ချုပ်ကြီးများကို အာဆီယံ အစည်းအဝေးများမှ ဖယ်ရှားခြင်းဖြင့် ဖိအားပေးရန် နည်းလမ်းရှာခဲ့ကြသည်။

အာဏာလွှဲပြောင်းရယူမှုအတွင်း ပြုတ်ကျသွားခဲ့သော လွှတ်တော်အမတ်များကို အာဆီယံအထူး သံတမန်နှင့်တွေ့ဆုံခွင့်ပြုမည်ဆိုသည့် ကတိပျက်ခဲ့ပြီးနောက် လွန်ခဲ့သောလက မကြုံစဖူး ဆုံးဖြတ်ချက် တစ်ရပ်တွင် အာဆီယံခေါင်းဆောင်များသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီး အစည်းအဝေးမှ ပိတ်ဆိုခဲ့သည်။

ထိုအစား မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သူတစ်ဦးကို တက်ရောက်ခွင့်ပြုသင့်သည် အာဆီယံခေါင်းဆောင်များက ပြောကြားခဲ့သည်။ နောက်ဆုံးတွင် မြန်မာသည် အာဆီယံအစည်းအဝေးကို တက်ရောက်ခဲ့ရခြင်းမရှိပေ။

အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်ကာပူတို့က နိုဝင်ဘာ ၂၂ ရက်တွင် တရုတ်သမ္မတရှီကျင်းပင် လက်ခံကျင်းပမည့် တရုတ်-အာဆီယံအစည်းအဝေးမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပိတ်ပင်စေချင်ကြ သည်ဟု ဒေသတွင်း သံတမန်နှင့် နိုင်ငံရေးအရင်းအမြစ်လေးခုက ပြောကြားသည်။

“ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ဘရူနိုင်းတို့ကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲတုန်းက ရပ်တည်ချက်ကို ထိန်းထားဖို့သဘောတူခဲ့ကြပါတယ်” ဟု နိုင်ငံရေးနှင့်မသက်ဆိုင်သူတစ်ဦး မြန်မာနိုင်ငံကို ကိုယ်စားပြုရမည်ဆိုသော တောင်းဆိုချက်အား ကိုးကားကာ အာဆီယံနိုင်ငံတစ်နိုင်ငံမှ အမည်မဖော်လိုသော အစိုးရသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က နိုင်ငံရေးနှင့် မသက်ဆိုင်သောပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်၍ မမှိတ်မသုန်ရပ်တည်သွားမည်ဟု အောက်တိုဘာ ထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံခေါင်းဆောင်များက ထုတ်ဖော်ပြသခဲ့သော အမျှော်အမြင်ကို ကိုးကား၍  အတည်ပြုပြောကြားခဲ့သည်။

“ မကြာခင်ကျင်းပတော့မယ့် ခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာ မြန်မာကို ဘယ်သူကိုယ်စားပြုသင့် သလဲဆိုတာနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကတော့ တစ်သမတ်တည်းပါ” ဟု၎င်းက ပြောကြားခဲ့သည်။

ယခုကိစ္စကို မှတ်ချက်ပေးရန် မေတ္တာရပ်ခံမှုများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း ပြန်ကြားခြင်းမရှိသော်လည်း နိုဝင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက တရုတ်နိုင်ငံအနေဖြင့် စေ့စပ်ဆွေးနွေးမှုမှတဆင့် နိုင်ငံရေးဆိုင်ရာကျေအေးမှုကို ရှာဖွေရာတွင် မြန်မာနိ်ုင်ငံရှိ အဖွဲ့အစည်းအားလုံးကို ထောက်ခံခဲ့ပြီး တည်ငြိမ်မှုပြန်လည်ရရှိနေရေးနှင့် ဒီမိုကရေ စီကူးပြောင်းမှုကို ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်း နှင့်အတူ လုပ်ဆောင်သွားမည်ဟုပြောကြားခဲ့သည်။

တရုတ်၏စည်းရုံးရေးကြိုးပမ်းမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သော အာဆီယံသံတမန်က  တရုတ်၏ အာဆီယံရေးရာအထူးသံတမန် ဆွန်ကော့ရှင်းသည် လွန်ခဲ့သော သီတင်းပတ်တွင် စင်ကာပူနှင့် ဘရူနိုင်းကို သွားရောက်လည်ပတ်ခဲ့သော်လည်း အွန်လိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်နိုင်မည်မဟုတ်ဟု ၎င်း(ဆွန်ကော့ရှင်း)ကို ပြောကြားခဲ့သည်ဟုဆိုသည်။

အာဆီယံ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသော ဆွန်ကော့ရှင်းသည် လွန်ခဲ့သောရက်ပိုင်းက နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် တရုတ်အနေဖြင့် အာဆီယံ၏ ရပ်တည်ချက်ကို လက်ခံမည်ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent