ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက် မရှိဘဲ တရားမဝင် သွယ်တန်းထားသည့်  ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် မဖယ်ရှားပါက အရေးယူမည်ဟု ကြေညာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက် မရှိဘဲ တရားမဝင် သွယ်တန်းထားသည့်  ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် မဖယ်ရှားပါက အရေးယူမည်ဟု ကြေညာ
Published 18 November 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဖြန့်ဖြူးရေးတိုင် (ဓာတ်တိုင်) များပေါ်တွင်  ခွင့်ပြုချက်မရှိဘဲ တရားမဝင်သွယ်တန်းထား သည့်  ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက်သွယ် ရေးကြိုးများကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံး ထား၍ မိမိအစီအစဉ်ဖြင့်မဖယ်ရှားပါက အ ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန် ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းက နိုဝင်ဘာ ၁၈ ရက်တွင် နိုင်ငံပိုင်သတင်း စာများမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးနယ်နမိတ်အတွင်းရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းပိုင် လျှပ်စစ်ဖြန့်ဖြူးရေးတိုင် (ဓာတ်တိုင်) များပေါ်တွင် ဖိုင်ဘာကေဘယ်ကြိုးများကို ခွင့်ပြုချက်မရှိဘဲ တရားမဝင်သွယ်တန်းထားသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ယင်းကြောင့် ထိုသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင်သွယ်တန်းထားသည့် ကုမ္ပဏီများအနေဖြင့် တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများ၊ ဆက် သွယ်ရေးကြိုးများကို နိုဝင်ဘာ ၃၀ ရက်တွင် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှား ရှင်းလင်းရမည်ဖြစ်ကြောင်း ပါရှိသည်။ 

ထိုသို့ ဖယ်ရှားရှင်းလင်းခြင်းမရှိသည့် ဖိုင်ဘာဆက်သွယ်ရေးကြိုးများကို ကော်ပိုရေးရှင်းက ဖြတ်တောက်ဖယ်ရှားသွားမည်ဖြစ်ပြီး တရားမဝင် သွယ်တန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

Most Read

Most Recent