မန်ယူအသင်းနည်းပြရာထူးမှ ဆိုးလ်ရှား ထုတ်ပယ်ခံရရန် နီးစပ်ခြင်းမရှိသေးဟု ဗြိတိန်မီဒီယာများ ဖော်ပြ

မန်ယူအသင်းနည်းပြရာထူးမှ ဆိုးလ်ရှား ထုတ်ပယ်ခံရရန် နီးစပ်ခြင်းမရှိသေးဟု ဗြိတိန်မီဒီယာများ ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 10 November 2021

 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည်  ရာထူးမှထုတ်ပယ်ခံရရန် နီးစပ်မှုမရှိသေးကြာင်း ဗြိတိန်မီဒီယာအများအပြားက ဖော်ပြလျက်ရှိသည်။ 

နည်းပြ ဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်သင့်ပြီဟု အကြံပြုမှုများ၊ တောင်းဆိုမှုများ ရှိ နေသော်လည်း နည်းပြသစ်အစားထိုး၍ အပြောင်းအလဲပြုလုပ်ရန် အစီအစဉ်မရှိသေးကြောင်း Sky Sports က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် လီဗာပူးလ်နှင့် မန်စီးတီးတို့ကို အိမ်ကွင်းတွင် ဆက်တိုက်ရှုံံးနိမ့်ခဲ့ပြီး နောက် ဆိုးလ်ရှား၏ ဦးဆောင်မှုစွမ်းရည်အ ပေါ် ကစားသမားများက မေးခွန်းထုတ်ခဲ့ကြောင်း သတင်းထွက်ခဲ့သည်။ 

သို့သော် Sky Sports တွင် ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူအသင်းကစားသမားဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်း ဘုတ်အဖွဲ့အနေဖြင့် ယခုနှစ်အတွင်း၌ ဆိုးလ် ရှားကို ရာထူးမှ ထုတ်ပယ်လိမ့်မည်မဟုတ်ဟု အခိုင်အမာဆိုခဲ့သည်။ 

အသက် ၄၈ နှစ်အ ရွယ်ရှိပြီဖြစ်သူ ဆိုးလ်ရှားသည် နိုင်ငံတကာရက်သတ္တပတ်ကြောင့် မိခင်နိုင်ငံ နော်ဝေသို့  ဇနီး၊ သား နှစ်ဦးနှင့်အတူ နိုဝင်ဘာလ ၈ ရက် က ပြန်သွားခဲ့ပြီး နိုင်ငံတကာပွဲများလာချိန် တွင် ၎င်းမှာ မကြာခဏပြန်လေ့ရှိကြောင်း သိရသည်။ 

လက်ရှိအခြေအနေတွင် နည်းပြဆိုးလ်ရှားအား အားလပ်ရက်တစ်ပတ်ပေးမှုအတွက် မန်ယူကစားသမားများနှင့် ဝန်ထမ်းများက အံ့အားသင့်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Most Read

Most Recent