ချန်ပီယံပန်းတွေ ပွင့်လန်းချိန်လား

ချန်ပီယံပန်းတွေ ပွင့်လန်းချိန်လား
Photos: AFP
Photos: AFP
Published 31 October 2021
Phoe Thar

ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ် (၁၀)မှာ အေစီမီလန်က တိုရီနိုကိုအနိုင်ယူပြီး ရာသီအဖွင့်ပွဲစဉ် (၁၀)ပွဲ မှာ (၉)ပွဲနိုင် (၁)ပွဲသရေမှတ်တမ်းကိုရရှိခဲ့တယ်။ ဒါဟာ အေစီမီလန်အသင်းအတွက် စီးရီးအေပြိုင်ပွဲသမိုင်းမှာ ၁၉၅၄-၅၅ ရာသီနောက်ပိုင်း ပထမဆုံး အကြိမ်ပြန်လည်ရရှိခဲ့တဲ့ ရလဒ်မှတ်တမ်းကောင်းတစ်ခုပါ။ ဒီလိုရလဒ်ကောင်းတွေကြောင့်ပဲ အေစီမီလန်နဲ့ စကူဒက်တိုချန်ပီယံဆုအကြောင်းဟာ အီတလီဘောလုံးရပ်ဝန်းမှာ တခုတ်တရပြောစရာ၊ ဆွေးနွေးစရာဖြစ်လာတယ်။ ဆယ်စုနှစ်တစ်ခုကျော်ဝေးကွာနေတဲ့၊ အကြိမ်ကြိမ်အခါခါမျှော်လင့်ချက်တွေထားခဲ့တဲ့ တစ်ကျော့ပြန်စကူဒက်တိုချန်ပီယံဆုဟာ အေစီမီလန်အတွက် ဒီတစ်ကြိမ်မှာတစ်ကယ်ပဲ မျှော်လင့်ချင်စရာဖြစ်လာပြီလား။ အေစီမီလန်နည်းပြ ပီအိုလီကတော့ ဦးဆောင်သူတို့ရဲ့ထုံးစံအတိုင်း သူတို့အသင်းအတွက် စကူဒက်တိုချန်ပီယံဆုဟာ ပြောဖို့စောလွန်းပါသေးတယ်ဆိုတဲ့စကားနဲ့ ဖိအားတွေကိုလျော့ချခဲ့တယ်။ ဒါပေမဲ့ အေစီမီလန် နဲ့ သက်ဆိုင်သူအားလုံးရဲ့ နှလုံးသားထဲမှာတော့ အရသာမေ့လျော့လုဖြစ်နေတဲ့ စကူဒက်တိုချန်ပီယံအောင်ပွဲကို အပြုံးတွေနဲ့ ပုံဖော်ကြည့်နေမိမှာ အသေအချာပါပဲ။

 

Most Read

Most Recent