ဘယ်ဒါဘီက ပရိသတ်တွေကို ဆွဲဆောင်နိုင်စွမ်းအရှိဆုံးဖြစ်မလဲ။ ဒီလိုသာ မေးခွန်းထုတ်ခဲ့ရင် အမြင်အမျိုးမျိုးအပေါ် အခြေခံတဲ့ အဖြေအမျိုးမျိုး ပြန်ရမှာသေချာပါတယ်။ အများစုကတော့ အင်္ဂလန်ဒါဘီလို့ ဖြေဆိုကြလိမ့်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်ဘောလုံးက ပရိသတ်တွေကြား ထိုး ဖောက်စိမ့်ဝင်ထားနိုင်စွမ်း အရှိဆုံးဖြစ်သလို၊ မန်ယူနဲ့ လီဗာပူးလ်ဆိုတာကလည်း ကမ္ဘာမှာ မသိသူ မရှိတဲ့အသင်းတွေ ဖြစ်နေတာကြောင့်ပါ။ ပြီးတော့ ပရိသတ်တွေကို တစ်ရာသီထက်တစ်ရာသီ ပိုပြီးဆွဲ ဆောင်ဖမ်းစားနေတဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး နှစ်သင်းလည်း ဖြစ်နေပါသေးတယ်။ တချို့ကတော့ လီဗာပူးလ်နဲ့ မန်ယူအသင်းရဲ့ဆုံတွေ့မှုကို အင်္ဂ လန်အနောက်မြောက်ဒါဘီလို့ ထပ်ပြီးအနုစိတ်ကြပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ၊ လက်ရှိ အင်္ဂလန်မှာ ဘယ်အသင်းအကောင်းဆုံးလဲဆိုရင် ရွေးချယ်ရခက်နိုင်ပေမဲ့ သမိုင်းကြောင်းအရတော့ အင်္ဂလန်ရဲ့ အကောင်းဆုံးနှစ်သင်းက လီဗာပူးလ်နဲ့ မန်ယူတို့ပါပဲ။ လက်ရှိအချိန်အထိ သူတို့က အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းတွေအဖြစ်လည်း ရပ်တည်နေပါတယ်။
ဒါဘီများနှင့် တနင်္ဂနွေ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















