ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 24 October 2021

ဘရန့်ဖို့ဒ် - လက်စတာ (တနင်္ဂနွေည ရး၃၀ နာရီ)

ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက ချီး ကျူးစရာပါ။ ရှုံးပွဲတွေ့ခဲ့ပေမဲ့ အားလုံးရဲ့လေးစားမှုကို ရခဲ့သလို၊ သူတု့ိကိုယ်တိုင်လည်း ယုံကြည်မှု ပိုမြင့်မားလာတယ်။ လက်စတာကလည်း တိုက်စစ်ပိုင်း ဂိုးတွေမြူးနေတယ်။ မန်ယူကိုလည်း အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ်ရဲ့လက်ရှိခြေစွမ်းကြောင့် လက်စ တာ နိုင်ဖို့ခက်လိမ့်မယ်။ ဘရန့်ဖို့ဒ်ကို ကြိုက်တယ်။

ဝက်စ်ဟမ်း - စပါး (တနင်္ဂနွေည ရး၃၀ နာရီ)]

ဝက်စ်ဟမ်းက အလွယ်တကူ ကျော်ဖြတ်ဖို့မလွယ်တဲ့ အသင်းမျိုးပါ။ နောက်ပိုင်းပွဲ တွေမှာ ရလဒ်က နိုင်တစ်ခါ၊ ရှုံးတစ်လှည့်ဖြစ်နေပေမဲ့ ခြုံကြည့်ရင် ခြေစွမ်းပိုင်းတည်ငြိမ် တယ်လို့ပဲ ပြောရမယ်။ မာလည်း မာကျောတယ်။ စပါးက ဗီလာ၊ နယူးကာဆယ်တို့ကို ဆက်တိုက်နိုင်ပြီး ခြေပြန်တက်လာတယ်။ ဒါပေမဲ့ စိတ်ချလို့ရတဲ့အသင်းမျိုး မဟုတ်သေး ပါဘူး။ ဝက်စ်ဟမ်းကို ကြိုက်တယ်။

မန်ယူ - လီဗာပူးလ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)

လီဗာပူးလ်ရဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းက အမြင့်ဆုံးရောက်နေတယ်။ အထူးသဖြင့် ဆာလာက အခုအချိန်မှာ ရပ်တန့်လို့ မရလောက်အောင် ပုံစံကောင်းပြနေတယ်။ လီဗာပူးလ်မှာ တိုက်စစ်ကစားသမားတွေကလွဲပြီး ကျန်ကစားသမားတွေဆီက သွင်းဂိုးတွေ မျှော်လင့်ဖို့ခက်တာမျိုးကတော့ ရှိနေသေးတယ်။ ဒါပေမဲ့ ဒီအတွက်ပဲ တစ်သင်းလုံးက ဟန်ချက်ညီ အလုပ်လုပ် နေကြတာဖြစ်ပြီး ဒါကို အားနည်းချက်လို့ ပြောဖို့လည်းခက်တယ်။ တိုက်စစ်ကစားသမား (၃)ဦးအတွက် အလုပ်လုပ်ပေးရင်း အသင်းကိုပါ ပိုမိုမာကျောအောင် ကူညီနေကြတာမျိုးဖြစ်တယ်။ လီဗာပူးလ်ဆီမှာမြင်ရတဲ့ စုစည်းမှုနဲ့ မာကျောမှုကို မန်ယူအ သင်းဆီမှာ မတွေ့ရဘူး။ ဒါပေမဲ့ မန်ယူက ပွဲကြီးတွေဆိုရင် ခြေစွမ်းပိုပြလေ့ရှိတယ်။ ကစားသမားအင်အားနဲ့ စုဖွဲ့မှုက လီဗာပူးလ် ကို ကောင်းကောင်းယှဉ်နိုင်ပြီး၊ ရပ်ရှ်ဖို့ဒ်-ရော်နယ်လ်ဒို-ဂရင်းဝုဒ်တို့ကလည်း လီဗာပူးလ်ခံစစ်ကို ဒုက္ခပေးနိုင်တယ်။ လီဗာ ပူးလ် ပိုကောင်းနေပေမဲ့ မန်ယူ သရေလောက်တော့ ကစားနိုင်လိမ့်မယ်။

 

Most Read

Most Recent