အန်ဒိုရာ-အင်္ဂလန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အမျိုးသမီးဒိုင်များ တာဝန်ယူမည်

အန်ဒိုရာ-အင်္ဂလန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အမျိုးသမီးဒိုင်များ တာဝန်ယူမည်
Photo: Sky Sports
Photo: Sky Sports
Published 9 October 2021

 

အန်ဒိုရာနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကွင်းအတွင်း၌ အမျိုးသမီးဒိုင်များ တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲစဉ်ကို အန်ဒိုရာအသင်း၏ Venue Estadi Nacional ကွင်း၌ ကျင်းပမည် ဖြစ်ပြီး ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်အဖြစ် ယူကရိန်းအမျိုးသမီးဒိုင်သုံးဦး၊ VAR ဒိုင်အဖြစ် ပြင်သစ်အမျိုးသမီးဒိုင်တစ်ဦးက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ 

အမျိုးသားပွဲစဉ်များတွင် အမျိုးသမီးဒိုင်များသာ ပထမဆုံး တာဝန်ယူမှုအဖြစ် ပြီးခဲ့သည့်နှစ်တွင် ဆန်မာရီနို-ဂျီဘရော်လ်တာ UEFA Nations League ပွဲစဉ်က မှတ်တမ်းဝင်ထားသည်။ 

အန်ဒိုရာ-အင်္ဂလန်ပွဲကို ကိုင်တွယ်မည့် ကွင်းလယ်ဒိုင် မွန်ဇူလ် (၄၀ နှစ်) သည် ဆန်မာရီနို-ဂျီဘရော်လ်တာပွဲကိုလည်း တာဝန် ယူခွင့်ရခဲ့ကြောင်း သိရသည်။

အန်ဒိုရာအသင်း၏ Venue Estadi Nacional ကွင်းတွင် မနေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent