ရိုးမားအသင်းကို ဆုဖလားများ ရယူပေးလိုသည်ဟု မော်ရင်ဟို ပြောကြား

ရိုးမားအသင်းကို ဆုဖလားများ ရယူပေးလိုသည်ဟု မော်ရင်ဟို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 9 October 2021

ရိုးမားနည်းပြ မော်ရင်ဟိုက မိမိအနေဖြင့် ရိုးမားအသင်းအတွက် ဆုဖလားများ ရယူပေးလိုသည်ဟု ပြောကြားခဲ့သည်။ 

နာမည်ကျော် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ယခုရာသီအစပိုင်းတွင် ရိုးမားအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အသင်းပရိသတ်များက ၎င်းအနေဖြင့် အသင်းကို ဆုဖလားများ ရရှိအောင် ဦးဆောင်ပေးနိုင်မည်ဟု မျှော်လင့်နေကြသည်။ 

ရိုးမားအသင်းသည် ၂၀၀၇-၀၈ ရာသီတွင် ကိုပါအီတလီဖလား ရပြီးကတည်းက ဖလားလက်မဲ့ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ 

မော်ရင်ဟိုက "ရိုးမားအသင်းကို ကျွန်တော် ဆုဖလားတွေ ရယူပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးမားအသင်းဟာ ဆုဖလားတွေနဲ့ ခမ်းနားခဲ့တဲ့အသင်းဖြစ်ပြီး အသင်းကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကလည်း အံ့မခန်းပါပဲ"ဟု ပြောကြားခဲ့သည်။ 

ရိုးမားအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၇)အပြီးတွင် (၅)ပွဲနိုင်၊ (၂)ပွဲရှုံး၊ ရမှတ် (၁၅)မှတ်ဖြင့် အဆင့် (၄)နေရာတွင် ရပ်တည်နေပြီး အဆင့် (၁)နေရာမှ နာပိုလီအသင်း (၂၁ မှတ်)နှင့် (၆)မှတ် ကွာဟနေသည်။ 

Most Read

Most Recent