ချယ်လ်ဆီးမှ ထွက်ခွာရန် အစီအစဉ်မရှိသေးဟု တီမိုဗာနာ ပြောကြား     

ချယ်လ်ဆီးမှ ထွက်ခွာရန် အစီအစဉ်မရှိသေးဟု တီမိုဗာနာ ပြောကြား     
Photo: Getty Images
Photo: Getty Images
Published 9 October 2021

ချယ်လ်ဆီးအသင်း၏ ဂျာမနီတိုက်စစ်မှူး တီမိုဗာနာက ပွဲကစားခွင့်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိသော်လည်း အသင်းမှထွက်ခွာရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့သည်။ 

တီမိုဗာနာသည် အေးဂျင့်အသစ် အပြောင်းအလဲလုပ်ထားသလို၊ ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရသောကြောင့် ဘွန်ဒစ်လီဂါသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ခြင်းဖြစ်သည်။ 

တီမိုဗာနာက "ကျွန်တော်က ပုံမှန်ပွဲကစားခွင့်ရချင်တာကြောင့် လက်ရှိအခြေအနေအပေါ် ကျေနပ်မှုမရှိပါဘူး။ ဒါပေမဲ့ စောင့်ကြည့်သွားဦးမှာပါ။ ခရစ္စမတ်မတိုင်ခင် (၁၀)ပွဲ ဒါမှမဟုတ် (၁၅)ပွဲလောက် ပွဲထွက်ခွင့်မရရင်တော့ ထွက်ခွာချင်စိတ်ဖြစ်နိုင်ပါတယ်"ဟု ဆိုခဲ့သည်။

တီမိုဗာနာသည် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် လိုက်ပ်ဇစ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၄၇.၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် ချယ်လ်ဆီးအသင်းတွင် ထင်သလောက် ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်ပြီး ယခုရာသီတွင်လည်း ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲတွင် (၂)ဂိုးသာ သွင်းယူထားနိုင်သေးသည်။ 

Most Read

Most Recent