၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းကို အနိုင်ယူခဲ့သည့် အသင်း၌ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခဲ့သလို၊ အာဂျင်တီးနား နာမည်ကျော်ကစားသမား မက်ဆီ၏ ပယ်နယ်တီကန်ချက်ကို ကာကွယ်ခဲ့ဖူးသူလည်းဖြစ်သည့် အိုက်စလန်လက်ရွေးစင်ဂိုးသမား ဟယ်လ်ဒေါ်ဆန်သည် ယခုအခါတွင် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်လာခဲ့ကြောင်း သိရှိရသည်။
အသက် (၃၇)နှစ်အရွယ်ရှိ ဂိုးသမား ဟယ်ဒေါ်ဆန်သည် အိုက်စလန်လက်ရွေးစင်အသင်းသမိုင်းတွင် ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သလို၊ သက်တမ်းရှည်ကစားသမားတစ်ဦး လည်းဖြစ်သည်။
သူသည် အာမေးနီးယား၊ လက်ချင်စတိန်းတို့နှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ၏ လူစာရင်းတွင် မပါဝင်တော့ဘဲ သူ၏ဘဝသစ်ကို စတင်နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
ဟယ်လ်ဒေါ်ဆန်က "လူငယ်တွေအနေနဲ့ ကျွန်တော့်ရဲ့ဇာတ်လမ်းကို အတုယူသင့်ပါတယ်။ အောက်ဆုံးတန်းအဆင့် လိဂ်ပြိုင်ပွဲကလာတဲ့ ကစားသမားတစ်ဦးဟာ သူတို့ရဲ့အလွန်သေးငယ်တဲ့ ဘောလုံးသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဆိုတဲ့ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ်ရောက်ဖူးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားရဲ့ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့တာဟာ ပုံမှန်မဟုတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ကျွန်တော့်အမြင်ကတော့ ဒါဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံးဇာတ် ညွှန်းတစ်ပုဒ်လည်းဖြစ်နိုင်ပါတယ်"ဟု ဆိုခဲ့သည်။
သူသည် မကြာသေးမီက Cop Secret ဆိုသည့် အက်ရှင်ဟာသဇာတ်ကားတစ်ပုဒ်ကို ရိုက်ကူးခဲ့ပြီး လန်ဒန်ရုပ်ရှင်ပွဲတော်တွင် ချီးကျူးမှုများရရှိခဲ့သည်ဟု သိရှိရသည်။















